Part (22)

1.1K 41 4
                                    

မောင်...သိပါစေ

🌸pann

Part (22)

" မောနင်း မာမီ နဲ့ ဒယ်ဒီ "

" မောနင်း.. "

" မောနင်း.. "

မောနင်း သာ ပြန်ပြောရတာ နှစ်ယောက်လုံး သား ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်မိသည် ။

မနေ့တနေ့ကပဲ ပန်းတိုင် ပျောက်နေတဲ့ လူတစ်ယောက် လို..မျှော်လင့်ချက် ပျောက်ဆုံးနေတဲ့ လူတစ်ယောက် လို အနာဂတ် မရှိတော့တဲ့ လူတစ်ယောက် လို ခံစားချက် မဲ့ပြီး သောက်စားနေခဲ့တဲ့ သားက အခုတော့ မနက်စောစောစီးစီး အိပ်ယာထ တဲ့ အပြင် မျက်နှာကို ပြုံးလို့ ရွှင်လို့...

မနက်ခင်း ပွင့်တဲ့ ပန်းတစ်ပွင့်လို လန်းဆန်းတက်ကြွ နေပြန်သည်..။

သား များ စိတ်ဖောက်ပြန်နေပြီလား တောင် အောက်မေ့ရသည် ။

" ဖေ့..ဇေ ဒီနေ့ အလုပ်ဆင်းမယ်နော် "

" အေးအေး.. "

" ဇေ "

" ဗျာ..မေ "

" ပျော်စရာ တစ်ခုခုများ ရှိနေလား..မျက်နှာက ပြုံးလို့ရွှင်လို့ "

" အင်......ဘယ်လို ပြောရမလဲ ဇေ့မှာ ပျော်စရာ အကြောင်း တစ်ခုလေး ရှိရုံနဲ့ ကျန်တာ အကုန် ပျော်စရာကြီး "

" ပြောပါဦး အဲ့ တစ်ခုအကြောင်း.."

" ဒီမှာလေ.. "

ဇေ သူ့ရဲ့ဝဲဘက် ရင်အုံကို ပုတ်ပြသည်..။

" သူ အန္တရယ် ကင်းနေရင် အပျော်တွေ အပြည့်ပဲ "

ဖြစ်ရပြန်ပြီ..။

အချစ်ကြောင့် သား ဘဝ က ရေစုန်မြုပ်နိုင်သလို...အချစ်ကြောင့် သား ဘဝ ကို အမြင့်ဆုံး ထိ တွန်းတင်ပေးနေသလို ။

သားတစ်ယောက်  အချစ် ကြောင့် အရမ်း ရူးမိုက် မနေချင်တာ မိဘ တိုင်းရဲ့ ဆန္ဒ ပါ..။

သားကို တည်ငြိမ်စေချင်တယ်...။

" သား.. "

" ဗျာ.. "

" ဖေ့ သား က အချစ်ကို တန်ဖိုးထားတာ အဖေ သိပါတယ် ဒါပေမယ့် သား..တန်ဖိုးတော့ ထားပေါ့ မရူးမိုက်စေနဲ့ "

မောင်..သိပါစေ ( Unicode )Kde žijí příběhy. Začni objevovat