မောင်...သိပါစေ
🌸pann
Part ( 14 )
" လက်က ကွင်းဆင်းရမယ်.. ထိုင်ရုံးမဟုတ်ဘူး"
" ဟုတ်.. တီတီစန်း "
" ကိုမျိ ု း ကိုဇော် လက်.. ဒီသုံးယောက်က ကွင်းဆင်း နောက်ရုံးက သူတွေလည်း ကွင်းဆင်း ရှိတယ် မအိ ဖြစ်ဖြစ် မခိုင်ဖြစ်ဖြစ် နှစ်ယောက်က တစ်လှည့်စီ တာဝန်ကျတယ်.. ဒီရုံးကို ထပ်ဝန်ထမ်းသစ် တွေ ခဏနေ ရောက်လိမ့်မယ်.. "
" ဟုတ်ကဲ့.. "
" ဒီမှာက scan ဖတ်တဲ့ စတေကာ ..ဆိုင်တွေမှာ ဒါကပ်ပေးပါ.. မနေ့ကမပြောမိဘူး ယူစာ ( user ) ဆိုင်တွေလည်း ရှိတယ် အဲ့မှာ ဒီ စကမ်: ( scan) စတေကာကို မြင်သာထင်သာ ရှိတဲ့နေရာမှာ ကပ်ခဲ့ရမယ်.. agent တွေအတွက် အနီဆိုင်းဘုတ် စတေကာ ကပ်ပေးရမယ် နားလည် လား "
" နားလည်ပါတယ်.. "
" မရှင်းတာရှိရင်လည်း တစ်ခါထဲမေးထား.. ပြီးမှဖုန်းဆက်လှမ်းမေး လို့ကတော့ အကုန်လုံး ကန်လွှတ်မှာ .. "
" ဟုတ်ကဲ့ပါ .. ယောက္ခမကြီး ရဲ့ သား အကုန်သိပါတယ် "
" အဲ့သားကိုပဲ ကြောက်တာ.. "
" ဟားဟား.. "
" ကဲ.. ကဲ စထွက်တော့ "
" ဟုတ် "
လက်တို့ လိုအပ်တဲ့ ပစ္စည်း တွေအကုန် သေချာထုတ်ပိုးပြီး ကားပေါ်တင်ရသည်...
နေ့ခင်းနေ့လည် ရုံးထိုင်ရမှာ မဟုတ်တော့ ထမင်းချိ ု င့် တွေလည်း တစ်ခါထဲ အဆင်သင့် ကားထဲသို့ ထည့်ထားရသည်...
လက်.. သေချာ စစ်ပြီး ဘာလိုအပ်သေးလဲ ကြည့်ရသည်
" လက်ရေ.. ပြီးပြီလား "
" ခဏ.. ကိုမျိ ု း လက် စစ်ကြည့်ဦးမယ် "
" အေးအေး "
ယူစရာတွေတော့ မကျန်တော့ပါဘူး.. ရုံးအတွက် လိုအပ်တာ သေချာ ပုံးတွေနဲ့ ထည့်ထားတယ် လိုအပ်တာတွေလည်း ကားပေါ်တင်ပြီးပြီ.. ကိုမျိ ု းတို့ ကိုဇော်တို့ ထမင်းချိ ု င့်လည်း တင်ပြီးပြီ လက် ထမင်းခြင်းလည်း ထည့်ထားတယ်..
အင်း.. ဒီလောက်ဆို အကုန်စုံနေပါပြီ
အာ.. ညနေ ဘယ်ချိန်ပြီးမယ်ဆိုတာ မသိသေးဘူး မောင် လာကြိုရင် ခက်မယ်.. အခုကတည်းက ဖုန်းဆက်ပြောထားမှ..

ESTÁS LEYENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...