မောင်..သိပါစေ
🌸pann
Part - 12
" မောင့် .. "
" ဟင် "
" ဘာလို့ ကြည့်နေတာလဲ .. "
" တစ်ရက်ကြီးများတောင် မတွေ့ရတာလေ ကြည့်တော့ ဘာဖြစ်လဲ အတိုးချ ပြီးကြည့်နေတာ .. "
" ရကြေးလား.. "
" ရတယ်လေ ..အခုလည်းရလို့ ကြည့်နေတာပဲလေ "
" ဇေ .. မနေ့က တော်တော် စိုးရိမ်သွားလား.. "
" စိုးရိမ်တာပေါ့ ဘယ်လိုပြောပါလိမ့် .. ဇေ့မှာ ထိုင်မရ ထမရနဲ့ ယောင်ချာချာ ဖြစ်နေရတာ ဇေ့ကိုယ်ဇေ အပြစ်တွေတင်နေသေး .. အိမ်လာကြည့်တော့လည်း အရိပ်အရောင် တောင် မတွေ့ရဘူး လူက တကယ့်ကို ရူးချင်နေတာ အလုပ်သွားမေးတော့လည်း အလုပ်က နားလိုက်သေးတယ် .. "
" လက် အိမ်ရောက်ရောက်ချင်း ဖုန်းကိုအားမသွင်းမိဘဲ ထားထားတာ မနက်ကျ အဒေါ်ဆီ သွားဖို့ အမေက လာခေါ်နိုးတာနဲ့ လက် .. ဇေ့ကို မပြောမဆို ဘဲ သွားမိလိုက်တာ .. စိတ်မဆိုးနဲ့နော် "
" စိတ်တော့မဆိုးပါဘူး .. လက်က ဇေ့ကို ကျောခိုင်းပြီး ကားပေါ်ကနေ ဆင်းပြေးတာ နောက်နေ့ကျ မတွေ့ရတော့ စိတ်တွေရှုပ်သွားတာ .. မက ဇေ့ကို ထားခဲ့ပြီထင်ပြီး .. "
" မောင် .. "
" ဟင် "
" လက် .. ကျောခိုင်းထားတာ ဘာလို့မကြည့်ချင်ရတာလဲ "
" မကြည့်ချင်တာ မဟုတ်ဘူး မကြည့်နိုင်တာ .. လက် က ဇေ့ကို ကျောခိုင်းထွက်သွား တတ်တာ လေ .. ဇေ့ကို ဘယ်သူမှ ကျောခိုင်းမထွက်သွားတတ်ဘူး လက်ပဲ ထွက်သွား တတ်တာဆိုတော့ မခံစားချင်တာလည်း ပါမှာပေါ့ .. ဘာပဲဖြစ်ဖြစ် အဓိက အရင်းမြစ် က ဇေက လက် ကျောခိုင်းထွက်သွား တာကို မကြိုက်တာ အာ့ အမှန်ပဲ .. "
" ဟုတ်ပါပြီ .. လက် မထွက်သွားပါဘူး "
" အင်း .. "
သူက လက်ရဲ့ပခုံးကို အသာဆွဲပြီး သူ့ရင်ခွင်ထဲမှာ လက်ကို ဝှက်ထားသည်...
လက်လည်း သူ့ခါးကို လက်နှစ်ဖက် လုံးဖြင့် ကျစ်နေအောင် ပြန်ဖက်ထားမိသည်..

VOCÊ ESTÁ LENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...