Part (16)

1K 41 4
                                    

မောင်...သိပါစေ

🌸pann

Part (16)

ကား အမြန်တားပြီး ပြေးထွက်သွားတဲ့...မ ကို ကြည့်ပြီး ဇေ ပြေးလိုက်လည်း မမှီ..။

" ဟာကွာ... တောက် ဒေါသတွေ အလိပ်လိုက် ထွက်လာပြီနော် "

အခုလို ဒေါသနဲ့ မ..နောက်လိုက်သွားလည်း ပြဿ     နာက မီးထ လောင်ဖို့ပဲ ရှိတာမို့ ဇေ အိမ်ပဲ ပြန်လာခဲ့လိုက်သည်...

" သူ့ အလုပ် ကိုယ့်အလုပ် နဲ့ တစ်ယောက်နဲ့တစ်ယောက် ကြာကြာတွေ့ချိန်တောင် မရတာ.."

" ဒီမှာ ဟိုလူနဲ့ လက် က အလုပ်အကိုင်တွေ ရှိတယ် အမြဲတမ်း အားလပ်နေကြတဲ့ သူတွေ မဟုတ်ဘူး.. "

တောက်..

ဇေ မရဲ့စကားတွေ ပြန်ကြားယောင်ကာ ဒေါသက ဒီဂရီ အကန့်အသတ် မရှိ ထိုးတက်နေပြီ..

အလုပ် အလုပ်နဲ့ တော်တော် အလုပ်ကို ကြိုက်နေတာ..တွေ့မယ် တောက်..

ဇေ ဘယ်လို စိတ်ဖြေအောင် လုပ်လုပ် စိတ်က မပြေလာ..။

မ ကြိုက်တဲ့ အလုပ် မောင် လုပ်ပြတော့မယ် မ..

မ အထင်ကြီး လေးစားတဲ့ သူက မောင်ပဲ ဖြစ်ရမယ်...

.

" သား ဇေ..ဒီနေ့ လိမ့်စရာ မရှိဘူးလား "

" ဟုတ် ဖေ. သား ဖေနဲ့ ပြောစရာ ရှိလို့ "

" ဟေ..ထူးထူးဆန်းဆန်း ပါလားကွ ဘာပြောမှာလဲ ပြောလေ.."

" သား အလုပ်လုပ်ချင်လို့ "

" ဟင်.."

ဦးကျော်ဝဏ္ဏ မျက်လုံး ပြူ းရသည်လေ..။

လွန်ခဲ့တဲ့ အပတ်ကပဲ သား ဖြစ်သူကို အလုပ်လုပ်ဖို့ပြောတော့ မလုပ်ချင်သေးပါဘူး..တစ်နှစ်တော့ အချိန်ပေးပါ ဆိုပြီး ဇွတ်ခွင့်တောင်း နေတဲ့ သားက အခု အလုပ်လုပ်ချင် ပါသတဲ့...

သတင်းကောင်း ပေမယ့် ဝမ်းသာရမလိုလို စိုးရိမ်ရမလိုလို နဲ့...

ဘယ် အရာက သားကို အလုပ်လုပ်ချင်စိတ် ဖြစ်စေရတာလဲ...။

" သားပဲ အရင်ရက်က တစ်နှစ် အချိန်ပေးပါဆို"

" သား အဲ့လောက် အချိန်မယူချင်တော့ဘူး အဖေ..ဇေ အလုပ်လုပ်တော့မယ် အဖေ့ ကုမ္ပဏီ ကို အဖေ့သားဆိုပြီး အရည်အချင်း မရှိသေးဘဲ ခုံတစ်ခုံ မရချင်ဘူး..ဇေ ကို အောက်ခြေအလုပ်က စ လုပ်ခွင့်ပေးပါ "

မောင်..သိပါစေ ( Unicode )Hikayelerin yaşadığı yer. Şimdi keşfedin