Part ( 7 )

1.4K 61 0
                                    

မောင်...သိပါစေ...

🌸pann

Part - 7

"...အကို့...အကို့...ကျွန်တော့် ကို လက်မှတ် ထိုးပေးပါလား ဗျ..."

"...ဟမ်..."

"..ကျွန်တော့် ကိုရော..."

"...ဘာ အရူးထနေတာလဲ..."

"...မင်းကို တွေ့ရတစ်ချက်...မတွေ့ရတာ က ကြာတယ်လေ...မင်းကို ကြည့်နေတာ နိုင်ငံတကာ ရုပ်ရှင် မင်းသား တွေလို ပဲ...အာ့ကြောင့် လက်မှတ်တောင်းနေတာ..."

"....မင်းတို့ကလည်း နောက်ပြီ..."

"...မနောက်ပါဘူး...အတည်ပြောနေတာ..."

"...ဘယ်လိုလဲ မင်းတို့ အခြေအနေ..."

"...ဘယ်လိုမှ မဟုတ်သေးဘူး..."

"...ဟမ်..."

"...မင်းတို့ တွေ့တာ ကြာပြီလေ...နှစ်လ ကျော်နေပြီမလား...အရင်ကဆို ဇေ တို့ ကောင်မလေး တစ်ယောက် ကို ဒီချိန်ဆို တွဲပြီး ပြတ်နေပေါ့..."

"...ငါက လက်...ကို အဲ့လို လူတွေနဲ့ မရောဘူး...ငါ့ ဘဝရဲ့ မိဖုရားခေါင်ကြီး ကို အမြင့်မှာပဲ ထားမှာ...ဒီတော့ လွယ်လွယ် ချဥ်းကပ် လွယ်လွယ် အပြတ်ဖျက် တဲ့ထဲ ထည့်ကို မထည့်ဘူး....ထည့်ဖို့လည်း မစဥ်းစားထားဘူး..."

"...ကြည့်ရသေးတာပေါ့..."

"...ကြည့်...ကြည့်..."

"...ကြည့်မှာ..."

"...ကို..."

အသံလာရာ လှည့်ကြည့်တော့...

ကျွတ်...လာပြန်ပြီ...ဂြိုဟ်ဆိုးမ...

"...ဇေ...ငါတို့..."

"..ရတယ်...ထိုင်နေ..."

"...ကို..."

"...မင်း ပြောလို့ မပြီးသေးဘူးလား...ငါ့ကို ဘာပြောစရာ ကျန်သေးလို့လဲ..."

"...ပြောစရာ ဆိုရင် အများကြီး ပဲ...အခု...ကို...ကောင်မလေး တစ်ယောက်နဲ့ တွေ့နေတယ် ဆို..."

"...ဒါ ငါ့ ကိစ္စ ပါ..."

"...ကို့ ကို ဘယ်သူနဲ့ တွဲပါ...မတွဲရဘူး လို့ မတားဘူး...ဒါပေမယ့် ကို့ အချစ်စစ် ကိုတော့ ဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့..."

"...ဟ...ငါ့ ဘာသာ ဘယ်သူ့ပေးပေး မင်း သောက်ပူ ပါလား..."

"...ပါတယ်...ပါတာပေါ့...ကို့ ချစ်သူ က ဒီ စကားတော့ ပြောပိုင်ခွင့် အပြည့်အဝ ရှိတယ်..."

မောင်..သိပါစေ ( Unicode )Where stories live. Discover now