မောင်...သိပါစေ🌸pann
Part ( 6 )
"...လက်..."
"...ရှင်..."
"...အခုတလော ရည်းစားရနေပြီမလား..."
"...မလျှိုနဲ့နော်...လက်..."
"...ဟာ...မဟုတ်ပါဘူး...မမ တို့ကလည်း..."
"...ဘာ မဟုတ်ပါဘူးလဲ...ညနေဆို ကားတစ်စီး နဲ့ လာလာကြိုပေးနေတာ ဘယ်သူလဲ...ပြောပါဦး...လက်..."
"...သူငယ်ချင်း ပါ....မမ ခိုင်ရဲ့..."
"...ယုံချင် စရာကို မရှိတာ...သူငယ်ချင်း က နေ့တိုင်းလာကြို နေ့တိုင်း တွေ့မလား...လက် ရဲ့..."
"...သူငယ်ချင်း အသိ မိတ်ဆွေလောက်ပါပဲ...အဲ့ထပ် မပိုပါဘူး..."
"...လက် ကလည်း...မမ အိ တို့ကို လျှိုစရာ မရှိ ရှာကြံ လျှိုနေသေးတယ်..."
"...အာ့ကြောင့် ပြောတာပေါ့...အိရယ်...အိပ်ချင်ယောင်ဆောင်သောသူ နိုးရခက်တယ်တဲ့..."
"...ဟာ...မမ တို့ကလည်း...လက်...တကယ် ပြောနေတာပါ...လက်...ပုဂံ အပြန် သူ့အတွက် လက်ဆောင် မပါတော့ သူ့ဆန္ဒ သုံးခုကို လိုက်လျောပေးဖို့ ပြောထားလို့ပါ..."
"...ဟောတော့်...ဒါ လမ်းစပဲလား..."
"...ဘာ လမ်းစကို ပြောတာလဲ..."
"...ဘာ လမ်းစ ဖြစ်ရမလဲ...လက် ရဲ့ ...1500 ဆိုတဲ့ အချစ်...အချစ်ပေါ့..."
"...ဟာ...မဟုတ်တာ...လက် လိုလူကို သူ မကြိုက်လောက်ပါဘူး..."
"...လက် လိုလူ ဆိုတော့ လက်က ဘာများ ချို့တဲ့နေလဲ...ဟင်..."
"...အကုန်ပါပဲ...လက်ရဲ့ ရုပ်ရည် က အစ အဆင့်အတန်း ထိပါ..."
"...လက်...ရုပ်ရည် က ဒီလောက် ချော ဒီလောက်လှ တာ...မမ တို့က လက် ကို သာမန်လူနဲ့ မညားစေချင်ဘူး...လက် က မမတို့ရဲ့ ညီမ ရင်းလေး တစ်ယောက်လို ခင်မင်တယ်...ချစ်တယ်...အခု ဒီကောင်လေးက ဥစ္စပေါ ရုပ်ချော...လက် နဲ့ ရှေ့သွားနောက်လိုက် ညီချက်...ပြီး အဆင့်အတန်း ဆိုတာ ဘာနဲ့ ခွဲခြားလဲ..."
"...ဟုတ်တယ်...လက်...အဆင့်အတန်း ဆိုတာ သာမန်အားဖြင့် ငွေ . ဂုဏ် . ပညာ . ရုပ်ရည် အာ့တွေနဲ့ ခွဲခြားကြတယ်...တကယ်တမ်း အချစ်ဆိုတာ အာ့တွေနဲ့ မခွဲခြားကြပါဘူး...တကယ့် အချစ်စစ် အချစ်မှန် နဲ့ ချစ်ကြတဲ့အခါ...အဆင့်အတန်း တွေ ဘေးချိတ်ထားတတ်ကြတယ်...လက်ရဲ့...အဆင့်အတန်း နဲ့ ခွဲရင်လည်း လက် က ပြီးပြည့်စုံ နေပြီးသား မိန်းကလေး တစ်ယောက်ပါ..."
VOCÊ ESTÁ LENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...