မောင်...သိပါစေ🌸pann
Part - 5
လက်တို့ ပုဂံ ကိုလည်ပြီး အပြန် ပုပ္ပါးတောင်ဖက် လှည့်ဝင်ပြီး ဘုရားဖူးခဲ့သည်..
အမှတ်တရ လက်ဆောင်ပစ္စည်း ဝယ်ရအောင် ဘာဝယ်သွားပေးရမှန်း မသိ...။
ဇေ့ကို ပုပ္ပါးရောက် အမှတ်တရ အင်္ကျီ ပေးတော့လည်း မကောင်း...
ပေးပါပြီတဲ့...သူ့လို သူဌေးသား က ဝတ်ပါ့မလား...
စကားဝါ ပန်းပုလင်း ပေးတာလည်း မကောင်း...
သူ့ကားထဲမှာ အကောင်းစားရေမွှေး ပုလင်း က အပြည့်...။ယောက်ျားလေး ဆိုတော့ ဘာပေးရမှန်း မသိ....
တစ်ခါမှ ယောက်ျားလေး တစ်ယောက်ကို လက်ဆောင် ပေးဖူးတာလည်း မဟုတ်...လက် အတွေးများရင်း အခုထိ ဘာလက်ဆောင်မှ မဝယ်ရသေး...
ကျောက်စိမ်း လက်စွပ် တွေ . ကျောက်စိမ်း လက်ကောက် တွေ . ရွေရောင်သွင်းထားတဲ့ ဆွဲကြိုး . လက်ကောက် . လက်စွပ် ဒါတွေ လည်း ပေးလို့ မကောင်း....။
မြင်မြင်သမျှ ဆိုင်ကိုကြည့်လိုက် မှတ်ချက်ပေးလိုက်ဖြင့် လက်ထဲ ဘာပစ္စည်းမှ မရသေး...
လမ်းဆက်လျှောက်ရင်း ကျောက်စိမ်း သော့ချိတ်လေး ကောင်မလေး နဲ့ ကောင်လေး လက်ချင်းယှက်ကာ နှုတ်ခမ်း ချင်းထိနေသော ပုံရှိသည့် သော့ချိတ်လေး....
ပုံလည်းဆန်း ကျောက်စိမ်းလည်း ဖြစ် ချစ်ဖို့လည်းကောင်းသည်နှင့်...
"...အမ ဒါ ဘယ်လောက်လဲ..."
"...တစ်ခု သုံးရာ နှစ်ခုယူ ငါးရာ ပဲရှင့်..."
"...နှစ်ခု ယူမယ်ရှင့်..."
ပွင့်ရုပ် နှစ်ခု ယူလိုက်သည်...။
ကျန်တာ ဘာမှမဝယ်ဖြစ်...
ဝယ်ဖို့ ခြေလှမ်းတွေ တခြားဘက် ဦးတည်လိုက်တော့...
"...သမီး...ပြန်ကြရအောင်လေ..."
"...ရှင်...ဟုတ်ကဲ့..."
လက်လည်း လက်ဆောင် ပေးဖို့ လက်လျှော့ကာ အပြန်ခရီး ဆက်ခဲ့သည်...
အိမ်ပြန်ချိန် ညဥ့်နက် နေပြီမို့...အနီးနားရှိ ကျောက်ပန်းတောင်း မြို့မှာပဲ တည်းခိုလိုက်သည်...
ESTÁS LEYENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...