Part (23)

1.1K 42 11
                                    

မောင်...သိပါစေ

🌸pann

Part (23)

ဒီနေ့နဲ့ဆို မောင် လက် ကို လာမတွေ့တာ တစ်ပတ် ရှိသွားပြီ..။

လက် သူ့ကို လက်ထပ်ဖို့ ငြင်းလိုက်တာလို့ တွေးသွားပြီလား..။

သူ အဲ့လို တွေးလိုက်ရင် အလွဲကြီးလွဲသွားပြီပေါ့..

လက် က မောင့်ကို လက်မထပ်ချင်ဘဲ နေမလား..။

လက် သူ့ကို အဲ့လောက် ချစ်တာ..သူ မသိဘူးလား ။

ထင်ရက်လိုက်တာ..မောင်ရယ်..။

လက် ဘယ်လို ရှင်းပြရမလဲ..မောင့်ကို သိပ်ချစ်တာ မောင် သိသင့်တယ်လေ..။

" သမီး..ဘာငိုင်နေတာလဲ အိမ်ထဲ ဝင်တော့လေ အပြင်မှာ အေးနေတာကို "

" ခဏလောက် နေချင်လို့ပါ..အမေ ရယ် သမီး လေလေး ခဏ ရှူ သွင်းချင်လို့ပါ "

" သမီး ဘာစိတ်ညစ်စရာများ ရှိနေလို့လဲ.."

" မရှိပါဘူး အမေရဲ့ "

" ဟုတ်လို့လား သမီးရယ်..သမီး မျက်နှာလေး အရမ်း ကျ သွားတယ် စိတ်ညစ်စရာတွေ မတွေးပါနဲ့ လား သမီးရယ် အမေတို့မှာ သမီးတစ်ယောက် ထဲပဲ ရှိတာ..သမီးသာ တစ်ခုခု ဖြစ်သွားရင်..ဟင့် "

အမေ ပြောရင်း ငိုသံလေး ကပ်ပါလာသည်..။

လက် ရင်ထဲ မွန်းကြပ်သွားရသည်..။

မငိုပါနဲ့ လား အမေရယ်..မငိုပါနဲ့ ။

လက် သိနေပါသည်..။

အဖေ ဆို အရင်က ' သမီး အိမ်ထဲဝင်ရအောင်လေ ' လို့ အမြဲ လာခေါ်တတ်တဲ့ အဖေ က အခု လက် ဆီ မလာရင် အဖေ ကြိတ်ငိုနေပြီမှန်း လက် ခံစားရပါသည်..။

လက် က လက်ရဲ့မိဘ တွေ အတွက် သမီးဆိုးလေး ဖြစ်နေပါပြီ..။

အမြဲ မျက်ရည် ကျအောင် လုပ်နေမိပါသည်..။

လက် မျက်ရည် ကျရင် လက် မိဘ တွေ နှစ်ဆ ပို မျက်ရည် ကျရတာ..

လက် မငိုမိအောင် ထိန်းထားရသည်..။

" ဘာမှမဖြစ်ပါဘူး အမေရာ သမီး ကျန်းမာပါတယ်နော်..လာ အိမ်ထဲဝင်ကြမယ်နော် သမီး လေ ဝဝ ရှူ ပြီးပါပြီ အမေရဲ့ ပြီးတော့ အိပ်လည်း အိပ်ချင်နေပြီ "

မောင်..သိပါစေ ( Unicode )Where stories live. Discover now