မောင်...သိပါစေ
🌸pann
Part ( 4 )
ဘုတ်...
" အမလေး...လန့်တာ မင်းတို့ကလည်း..."
"..ဟျောင့်...အခုမှ လန့်သလေး ကြောက်သလေး လုပ်မနေနဲ့..ပြောပါဦး အခုတလော ပျောက်ချက်သား ကောင်းနေတာလေး..."
"..ဟုတ်ပါ့ မင်း ဘယ်ရောက်နေတာလဲ..."
"...ငါ ဘယ်မှ မရောက်ပါဘူး ကွ..."
ဇေ ပြုံး စိစိ ဖြင့် ပြန်ဖြေနေတော့....
" ဇေ ပြုံးစိစိ လုပ်မနေနဲ့ နော်...ဆွဲထိုးလိုက်မယ်..."
"...မင်းတို့ကလည်း ငါ့ကိုပဲ ဖြဲခြောက် နေတာ..."
"...မင်း လုပ်ပုံကရော ကောင်းလား..."
"...စကားရှည်မနေနဲ့ ဇေ...ငါတို့ မေးတာသာ ဖြေ..."
"...ငါ လက်ဆီ ရောက်နေလို့..."
"...မင်း လက် က ဘယ်ရောက် သွားလို့လဲ..."
ဇေယျာ လက် ကို ကြည့်ပြီး မေးနေကြတော့
"...ငါ့လက် က ဘယ်သွားရမှာလဲ..."
"...မသိဘူးလေ...မင်းပဲ မင်း လက် ဆီ ရောက်နေလို့ဆို..."
"...ဟာ..ငါ ပြောတဲ့ လက် က လင်း လက် သံ စဥ် ဆီ ရောက်နေတာ လို့ ပြောတာ..."
"...သိသားပဲ..."
"...အမြင်ကပ်လို့ ရွဲ့ မေးတာ..."
"...မင်းတို့ကလည်းကွာ...သိရဲ့သား နဲ့များ..."
"...ဇေ...မင်းတို့ကလည်းကွာ ငါတို့ကလည်းကွာ လုပ်မနေနဲ့...မင်း ရေ့စ် ကို ဖြတ်လိုက်တယ် ဆို..."
"...အေးလေ...ဘာဖြစ်လို့လဲ..."
"...ဘာဖြစ်ရမှာလဲ...ဟိုက မင်းကို မရ ရအောင် ယူ ပြမယ် လို့ ကျိန်းနေတယ် လို့ ကြားလို့..."
"...သူ့ကိုယ်သူ ဘာပြောပြော ငါ စိတ်မဝင်စားဘူး...ဒါပေမယ့် သူ ငါ့ကို ဒီ ဘဝ မှ မဟုတ်ဘူး နောင် 10 ဘဝ ထိ သူငါ့လူ ဖြစ်မှာ မဟုတ်ဘူး...ငါကလည်း သူ့လူ ဖြစ်မှာ မဟုတ်ဘူး..."
"...ပြတ်လှချည်လား..."
"...ပြတ်ဆို ပြတ်ပြတ်သားသား လုပ်မှ ကြိုက်တတ်တဲ့ ဇေလေ..."
BẠN ĐANG ĐỌC
မောင်..သိပါစေ ( Unicode )
Lãng mạnသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...