မောင်...သိပါစေ
🌸pann
Part - 11
ကျစ်...
ဖုန်းမဆက် မက်ဆေ့ခ်ျ မပို့နဲ့ တော်တော် နေနိုင်နေတာပဲ
တောက်...
ဇေ စိတ်တိုတိုဖြင့် ဖုန်းကို ပစ်လိုက်သည်..
" ဖေ့သားလေးရေ .. ကစ် ကစ် ကစ် "
တံခါးဖွင့် ဝင်လာတဲ့ သူရိန် နဲ့ ဝေယံ
" အော် ကုတင်ပေါ် မှာ ခွေခေါက်လှဲနေတာပဲ "
" ဖြေးဖြေး ပြောဟ..ရာသီဥတု မသာယာဘူး ဒီအခန်းထဲမှာ လေစိမ်းတိုက်နေတယ် "
ဇေ စိတ်ညစ်ညစ်နဲ့ သူရိန်တို့ကို ပေစောင်းစောင်းကြည့်တော့
" ဟာ ဖေ့သားက မာန်ဖီလို့ပါလား ကွ "
သည်းခံမရတော့..
" ဇေ က ခွေးလား "
" စကားပြောတတ်တယ် ဟ "
" မထင်ထားဘူး.."
" မနောက်နဲ့နော်.. စိတ်ကြည်တာ မဟုတ်ဘူး "
" ဘာကိစ္စ နဲ့ ခွေခေါက်..ပြောပါဦး "
ဝေယံ တို့ နှစ်ယောက်လည်း ကုတင်ပေါ်မှာ ပစ်ထိုင်နေပြီမို့ ဇေ ခေါင်းအုံး ဖက်ရင်း ထ ထိုင်လိုက်သည်..
" တစ်ယောက်သောသူပေါ့ ငါစိတ်ကောက်နေတာ .. ချော့မယ် မရှိဘူး "
" အံမယ် .. စိတ်ကောက်နေတယ် ဆိုပဲ "
" မင်း ဆိတ်တွေကို ဘယ်သူက ကောက်သွားတာလဲ "
" ဒီမှာလေ. ပဲ..."
" ဟာ..အဲ့ ဆိတ် မဟုတ်ဘူး ကွ .. ဒီ စိတ် ကွ ဒီ စိတ် "
ဇေ ကိုယ့်ရင်ဘတ်ကိုယ် ပြန်ရိုက်ပြတော့ နှစ်ကောင်သား ကလိမ်ကကျစ် အပြုံးနဲ့
" ပြောပါဦး ဘာကိုကောက် "
" ဇေ မနေ့က သူ့ဆီ ဖုန်းဆက်တယ် မလာနိုင်တော့ဘူးလို့ လှမ်းပြောတာ .. သူက ငါ ပြောသမျှ စကားတိုင်းကို အင်း . အင်း . အင်းပါ . အင်း နဲ့ တအင်းအင်း ချနေတာလေ "
" အင်းစောင့် နတ်သမီး နေမှာပေါ့ "
" ဟားဟား "
" မနောက်နဲ့နော် ဇေ အတည်တင်းနေတာ ဒီလောက်ပြောစရာ အများကြီး ကို ချစ်သူတွေကြား ပြောကြတာ စကားတွေမှ အများကြီး အခုသူက အင်း . အင်း နဲ့ ဇေ ဘယ်လောက်အောက်တယ်ထင်လဲ ဇေ ဘယ်မိန်းကလေး ကိုမှ အောက်ကျိ ု့ပြီး မဆက်ဆံဖူးဘူး .. စကားလည်း အများကြီး ပြောတာ မဟုတ်ဘူး သူ့အလှည့်ကျမှ ဇေ အသေအောက်တယ် အခုလည်း ကြည့်လေ စာမလာ ဖုန်းမဆက် နဲ့ ပစ်ထားတယ် ရေရေလည်လည် တင်းတာ "
ŞİMDİ OKUDUĞUN
မောင်..သိပါစေ ( Unicode )
Romantizmသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...