မောင် .. သိပါစေ
🌸pann
Part - 13
" သူငယ်ချင်း တွေက မနဲ့တွေ့ချင်လို့တဲ့ .. မောင် မနက်ဖြန် ဘုရားမှာ တွေ့ဖို့ ချိန်းထားလိုက်တယ် အဆင်ပြေရဲ့လား မ ...မ မပြေရင် ဇေ နောက်နေ့မှ ထပ်တွေ့ဖို့ စီစဉ်လိုက်မယ်လေ "
" မဟုတ်တာ ရပါတယ်.. ဘာလို့နောက်နေ့ကို ချိန်းနေဦးမှာလဲ မနက်ဖြန် တွေ့လည်းရတာပဲကို .."
" အာ့ဆို မောင် ပြန်မပြောနေတော့ဘူးနော် မကို ဇေ လာကြိုမယ် .. "
" အင်း .. "
" မ .. မနက်ဖြန် ကျရင် လှအောင်မပြင်နဲ့နော် မကိုဝိုင်းကြည့်ကြမှာကို မောင် မကြည့်နိုင်ဘူး .."
" လှအောင်မပြင်ပါဘူး ဒီအတိုင်း ကြည့်ပျော်ရှုပျော်လေးတော့ ပြင်မှာလေ "
" မရဲ့ကြည့်ပျော်ရှုပျော် က မင်းသမီးရှုံးတယ် ဗျ .. "
" မဖြစ်နိုင်တာ မောင်ကလည်း .. လက် က ရွက်ကြမ်းရေကျိ ု အဆင့်လောက်ပါပဲ "
" ရွက်ကြမ်းကို ကျိ ု ကျိ ု .. ရွက်ချောကိုပဲ ကျိ ု ကျိ ု ဘာပဲဖြစ်ဖြစ် လှအောင်မပြင်ပါနဲ့ ဗျာ "
ခက်ပြီ .. ဘယ်လိုဖြစ်နေတာပါလိမ့်
ရိုးရိုး သနပ်ခါး လိမ်း နှုတ်ခမ်း နီ ပါးပါး ဆိုးရုံလောက် ပြင်တာကို လှအောင် မပြင်ပါနဲ့တဲ့ .. ဘယ်လိုပြောရပါ့
" မ .. ကြားလားလို့ "
" ဟင် .. "
" လှအောင် မပြင်ခဲ့နဲ့လို့ "
" အင်းပါ .. ဇေ အိပ်တော့နော် "
" အင်း .. ဂွတ်နိုက်ပါ မ "
" ဂွတ်နိုက်ပါ မောင် "
" မ .. ချစ်တယ် နော် .. မွပ် .. တာ့တာ "
တီ ..
ပြောချင်တာပြောပြီး ဖုန်းအရင် ချသွားပြန်ပြီ ...ပြန်ပြောဖို့တောင် အချိန်မရဘူး တွေ့မယ် တစ်ရက်ကျရင် လက် အရင် ဖုန်းချနိုင်အောင် လုပ်ပြမယ်..
လက် ဖုန်းကို ဘေးချ ပြီး အိပ်လိုက်သည်
.
" ဝေယံ ဘုရားတန်းသွားမှာလား "
" အေး .. ဇေက ဘုရားမှာ စုံမယ်တဲ့ "

ESTÁS LEYENDO
မောင်..သိပါစေ ( Unicode )
Romanceသူ့ကို ကျွန်မ ချစ်နေတာလား.... သူ့ကို ကျွန်မ အနိုင်ယူနေတာလား.... သူ ကျွန်မ ကို အရမ်း ချစ်နေမှန်း သိလို့ .. ကျွန်မ. သူ့ကို အလေးမထားမိတာလား... သူ့ရဲ့ အချစ် ကို မြင်နေလျက်သားနဲ့ ဂရုမစိုက်ဘဲ ပစ်ထားခဲ့မိတာလား.... ကျွန်မ စိတ်ကို ကျွန်မ မသိတော့ပါ လင်းလက...