"အဆင်ပြေလား"
"အင်း"
တရှုံ့ရှုဲ့နဲ့ အရှိန်မသေသေးတဲ့ Tiffany က နှာဖျားလေးတွေ ရဲတွတ်နေတယ်၊၊ Taeyeon လန့်သွားမိခဲ့သည်။ သူမကို တစ်စုံတစ်ယောက်က ဒီလို လိုအပ်နေသည်ဆိုတာသိလိုက်ရပြီး ထိုလူက Tiffany ဖြစ်နေခြင်းကြောင့် Taeyeon တကယ်ကို လန့်သွားမိခဲ့သည်။ သူမထပ်ပြီး အတွေးမလွန်ချင်၍ ဒီကောင်မလေးကို အခန်းထဲ ချော့မော့ခေါ်လာပြီး ကုတင်ပေါ်မှာထိုင်စေပြီး ဘေးကနေ ကယောင်ကတမ်းနဲ့ သူ့နဖူးထက်က ချွေးစတစ်ချို့ကိုပါ သုတ်ပေးနေမိတယ်။
"တကယ်တော့...
Taeyeon ကို မဝံ့မရဲ ကြည့်ရင်း သူက ဆိုသည်။
"ငါက ဒီလိုပုံစံဖြစ်တတ်တယ် Taeyeon ငါတောင် မသိလိုက်ပဲ စိတ်အလိုလိုက်ပြီး တစ်ဖက်လူကို ဂျစ်တိုက်ပြီး...ဟို...အဲ့လို...
"ရပါတယ် ငါကဘာမှခေါင်းထဲမထည့်ဘူး။ နင့်အမေဆီက ငွေယူနေသ၍ ငါနင့်ဘေးရှိနေမှာ။ ငါ့ကိုအရမ်းခင်တွယ်တာမျိုးတော့ မဖြစ်ဘူးမလား? နင်နဲ့ငါ တူတူရှိတာ တစ်ပတ်တောင်မပြည့်သေးဘူးလေ"
ငြိမ်ကျသွားတဲ့သူက ခေါင်းလေးကို ဖြည်းဖြည်းချင်းငြိမ့်ပြတယ်။ မဖြစ်ပါဘူး...သူလဲ Taeyeon ကို ခင်တွယ်သွားလို့ မဖြစ်သလို Taeyeon ဘက်ကဆို ပိုတောင် စည်းထားသင့်တယ်။ ကိုယ်ကဘဝကို အရှုံးပေးပြီး သေဖို့တွေးထားတဲ့လူ။ သူက ရှင်သန်ရဖို့ကို အတင်းရုန်းကန်နေတဲ့သူ။
အဓိက မတွေးချင်ဆုံးကတော့ မိန်းကလေးတွေဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အလွန်အကျွံ သံယောဇဉ် ဖြစ်မသွားချင်ဘူး။
"အိပ်တော့ မှောင်နေပြီ။ ငါ Helen ကို နင့်အတွက် လိုတာတွေသွားမေးဦးမယ်"
Taeyeon ကုတင်ဘေး ခုံပေါ်က ထပြီး အပြင်ထွက်ဖို့ပြင်တော့ Tiffany က လက်တစ်ဖက်ကို လှမ်းဆွဲသည်။ ဒီလို ပိုင်စိုးပိုင်နင်း အပြုအမူတွေကိုလဲ Taeyeon လုံးဝမကြိုက်ဘူး။
"ငါတောင်းပန်ပါတယ် Taeyeon ဘာကို တောင်းပန်လဲဆိုတာ နင်နောက်တော့သိလာမှာပါ"
သူ့စကားကို အရေးတယူလုပ်ပြီး မေးခွန်းပြန်မထုတ်ပဲ Helen ရှိရာ တရွေ့ရွေ့နဲ့ ထွက်လာလိုက်တယ်။
YOU ARE READING
-Memories Of A Cigarette And Pill-
Fanfictionဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်