"Wtf!!! Tayeon??! ဘယ်လိုဖြစ်တာလဲ။ အော်ခေါ်လိုက်တာမဟုတ်ဘူး ဒီတိုင်းကြီး တစ်ညလုံးနေနေတာလား ထပါဦး"
အိပ်ပျော်မနေတဲ့ Taeyeon နားထဲ Derek ရဲ့ ခပ်ကျယ်ကျယ် အော်သံကြီးက ဝင်လာတယ်။ ဆိုင်တံခါးဘေးက တိုင်မှာ မှီထိုင်နေရင်း ကျောပိုးအိတ်ကို ရင်ဘတ်ထဲပိုက်ပြီး တစ်ညလုံး ဒီနေရာမှာ အိပ်ပျော်ခဲ့သည်။ မော့ကြည့်လိုက်တော့ အိပ်မှုံစုံဖွားနဲ့ Derek က မျက်လုံးတွေပြူးကျယ်ပြီး Taeyeon ကိုကြည့်နေတယ်။
"မျက်လုံးပြန်မှေးပါဦး ထွက်ကျလာဦးမယ်အောက်ကို"
ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ပြီး Derek ရဲ့ လက်မောင်းကို အားပြုကိုင်ကာ အထဲကို ဝင်ရသည်။ Taeyeon အခုထိ နေလို့သိပ်မကောင်းသေး။
"Coffee ဖျော်ပေးမယ်ငါ..ဆိုင်မှာလဲအဲ့ဒါပဲရှိတယ် Tayeon ရယ် ညတည်းက တံခါးခေါက်လိုက်ရင် နင် LA က ဆောင်းဒဏ်ကို ဒီလိုခံစရာမလိုဘူး"
တယွန်းဆိုပြီး ပြောနေတဲ့ Derek ရဲ့ စကားတွေကို Taeyeon သိပ်အရေးမစိုက်နိုင်။ လက်ထဲက ကျောပိုးအိတ်လေးကို ခုံပေါ်အသာချရင်း ခေါင်းမှောက်ချကာ မျက်လုံးတွေကို မှိတ်ထားလိုက်တယ်။
"အင်း..နင့်ကိုခေါ်ဖို့တောင် အားမရှိတော့လို့"
Derek က ဘေးမှာ မရှိတော့။ ရင်ဘတ်ထဲ ဆို့တက်လာတဲ့ ခံစားချက်ကို ခေါင်းငုံ့ရင်းနဲ့ပဲ အတင်းဖြေဖျောက်နေရသည်။ မနက်ခင်းတိုင်း ဒီအချိန်ဆို ခြေထောက်တစ်စုံကို ဆေးပေးနေရတဲ့ လက်တွေက အခုတော့ သူမမျက်နှာအောက်မှာ ကျဉ်တက်နေသည်။
"ရော့ Coffee သောက် ၊ ဆိုင်ဖွင့်မနေတော့ဘူး။ ငါအပြင်သွားဦးမယ် နင်အဆင်ပြေသလိုနေပြီးမှပြန်"
ကျေးဇူးပဲဆိုတာတောင် မပြောလိုက်ရသေးခင် Derek က အပြင်ကို ထွက်သွားတယ်။ ဒီကောင် ရေတောင်ချိူးမသွား ၊ စုတ်တီးစုတ်ပြတ်နဲ့ အပြင်သွားတဲ့အကျင့်က မပျောက်သေးဘူး ထင်ရသည်။
မနက်စာထဲ coffee တွေ ထည့်သောက်ရင် တော်တော်ကောင်းတာ Yeon ရဲ့ မယုံရင်သောက်ကြည့် ငါဆို..
နားထဲဝင်လာတဲ့ အသံသြသြကြောင့် ဆတ်ခနဲခေါင်းကိုထူပြီး ဆိုင်ထဲကို လှည့်ပတ်ကြည့်ပေမယ့် သူမကလွဲပြီး ဘာမှမရှိ။
YOU ARE READING
-Memories Of A Cigarette And Pill-
Fanfictionဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်