🍂 10

2.7K 368 33
                                    

တကယ်တော့ ဒီလမ်းမဘေးမှာ ကားရပ်ပြီး Anna Lia ဘာလုပ်နေမှန်း Taeyeon မသိ. ကားပေါ်မှာပဲ ကျန်နေခဲ့ပေမယ့် နာရီဝက်နီးပါးကြားလာတော့ Taeyeon လဲ မနေနိုင်တော့..ကားပေါ်က ဆင်းပြီး လမ်းမဘေးက  ပလက်ဖောင်းပေါ်မှာ ထိုင်နေတဲ့ သူ့ကို မြင်လိုက်ရတယ်.

သောက်ကျိုးနည်း မိန်းမ!! ငါ့ကို ကားထဲငုပ်တုပ်ထားပြီး သူကအေးအေးဆေးဆေးလာထိုင်နေရတယ်လို့...!

"ခင်များဗျာ..ထိုင်နေမယ်ဆိုလဲပြောလေ. ကားထဲမှာ ပူကပူနဲ့ လူကိုထားခဲ့တယ်"

Anna Lia က ရယ်တယ်.

"Tae ရယ် မင်းက သိပ်ချစ်ဖို့ကောင်းတယ်"

"အပိုစကားတွေရပ်ပြီး ငါ့ကို နင့်အိမ်ခေါ်သွားပေးတော့ ငါနားချင်နေပြီ ပြီးတော့ တကယ် အနားယူဖို့လိုနေပြီ"

မြန်လွန်းတဲ့ ဆုံးဖြတ်ချက်ဆိုသော်ငြား ဒီအမျိုးသမီးနဲ့ အကျွမ်းတဝင်နေဖို့ Taeyeon တွေးခဲ့ပြီးပြီဖြစ်သည်။

"အင်း... ငါလဲ အဲ့ဒါ စဉ်းစားနေတာ။ မင်းသိရင် ငါ့ကို စိတ်ကောက်တော့မယ်ထင်တယ်"

သူ့ရဲ့ ငြုတုတု အပြောတွေကို Taeyeon စိတ်မဝင်စား။

"ဘာဖြစ်လို့လဲ အိမ်မရှိဘူးလား?"

Taeyeon မေးတော့ သူက ထပ်ရယ်တယ်။ ဒီမိန်းမ ရယ်ပဲ ရယ်နေတော့မှာလား..?

"ရှိတာပေါ့ အိမ်ကြီးမှ အကြီးကြီး..

"ဒါများ..သွားမယ်လေ..အခု

"Tiffany တို့ အိမ်ဘေးမှာ"

ကားဆီကို လှည့်ပြန်မယ့် Taeyeon ရဲ့ ခြေလှမ်းတွေကို Anna Lia က ထိုစကားနဲ့ တားတယ်။ လှည့်ကြည့်တော့ သူက ပုခုံးနှစ်ဖက်ကို တွန့်ပြပြီး မတ်တပ်ထရပ်သည်။

"အဲ့ဒါပြောမလို့လေ ငါအခက်တွေ့နေတာ။ အဲ့ coffee ဆိုင်က ကောင်မလေးက ငါ့ဘေးအိမ်က သူဆေးရုံတက်နေတာ ကြာပါပြီ ဆင်းလာပြီထင်တယ် သူက ငါ့ကို သိရဲ့သားနဲ့ Tae ကို ဘယ်သူလဲလို့မေးတာ Tae နဲ့ သူ့ကြားမှာ တစ်ခုခုများ?"

"မရှိပါဘူး ဒီတိုင်း...သူ့ဆီမှာ ခဏအလုပ်လုပ်ဖူးတာ ဒါပဲလား? တွေဝေနေသေးတယ်။ သူ့ကိုထည့်တွက်စရာမလိုဘူး။ သွားမယ်"

-Memories Of A Cigarette And Pill-Where stories live. Discover now