🍂 17

2.5K 324 25
                                    

ချစ်မိပြီဆို နာကျင်မှုဒဏ်ကိုခံနိုင်ဖို့လဲ လေ့ကျင့်ထားရမယ်တဲ့

Tiffany ခေါင်းထဲဖြတ်ခနဲ တွေးမိသွားတယ်။ အရှေ့မှာ မာမီက သူ့စာရွက်တွေကြား ခေါင်းစိုက်ပြီးအလုပ်ရှုပ်နေတယ်။ ထုံးစံအတိုင်း။ ထုံးစံအတိုင်းပဲပေါ့။ Tiffany ဟိုနေ့ကတင် အရုပ်ကောက်စက်ကနေ TaeYeon ကောက်ပေးထားတဲ့ ခွေးရုပ်သေးသေးလေးကိုလက်ဝါးထဲထည့်ပြီး ငေးကြည့်နေမိတယ်။

မာမီ မသိသေးဘူးလို့ထင်တယ်။ မသိသေးလို့လဲ  Tiffany ကို ဒီလို အေးအေးလူလူ အိမ်မှာထားခဲ့နေနိုင်ပြီး အလုပ်လုပ်နေနိုင်တာပေါ့။

Tiffany ပြောလိုက်သင့်သလား။ TaeYeon နဲ့ သူမ ချစ်နေတယ်ဆိုတဲ့အကြောင်း။ တကယ်လို့ သူမရည်းစားက ယောက်ျားလေးတစ်ယောက်ဆိုရင်တော့ "အင်း..အိမ်ကိုခေါ်လာခဲ့" ဆိုတဲ့ စကားနဲ့ပဲ
မာမီက အဆုံးသတ်လိမ့်မယ်။

Tiffany မရူးဘူး။ ဒါကို TaeYeon လဲ ယုံသလို မမ Anna ကလဲ ယုံတယ်တဲ့။ မာမီကတော့ သိပ်မယုံဘူး။ ဘာလို့ဆို Tiffany ရဲ့ ရူးကြောင်ကြောင် လုပ်ရပ်တွေကို သူက မြင်ဖူးပြီးသားဖြစ်နေတာကိုး။

လက်ဖျံတွေကို လက်သည်းနဲ့ပဲကုတ်နေတာမျိုး။ ဆံပင်တွေကို အမြဲ ရှုပ်နေအောင်ဖွနေတာမျိုး။ အခန်းထောင့်မှာကပ်ပြီး မသေချင်ဘူးလို့ အော်နေတာမျိုး။ ထမင်းစားရမယ့်အစား ဆေးပြားတွေနဲ့ ရေတစ်ဖန်ခွက်ကိုပဲ အားကိုးနေမိတာမျိုးပေါ့။ ဒါတွေကို Tiffany ရူးလို့လုပ်ခဲ့တယ်လို့ မာမီကထင်နေတယ်။ တကယ်တော့ Tiffany မသေချင်လို့လုပ်ခဲ့ရုံပါပဲ။

ဒဏ်ရာတွေများနေတဲ့သူကို ဘယ်သူမှမလိုချင်ဘူးတဲ့။ TaeYeon ကတော့ အဲ့လိုမဟုတ်ဘူး။ Coffee တစ်ခွက်ကိုလဲ မှတ်မိတယ်။ အဲ့ညက ဆေးရုံက ခဏခိုးထွက်ပြီး အဲ့ဆိုင်ကိုဝင်မိတာ။ တွန့်ချိုးထားတဲ့ အဲ့မျက်မှောင်တွေက ကြောက်စရာမကောင်းပဲ ချစ်ဖို့ကောင်းနေတာကတော့ TaeYeon အလွန်ပဲ။ ကျန်တဲ့နောက်ပိုင်း...Tiffany မတွေးချင်တော့ဘူး။ နာကျင်စရာကလဲ ခပ်များများပဲ၊၊

"မာမီ"

TaeYeon က ပြောထားတယ်။ သူမတို့ဆက်ဆံရေးအကြောင်း မာမီသိလို့ လုံးဝမဖြစ်ဘူးတဲ့။ မမ Anna နဲ့ သူ စေ့စပ်ပြီးရင်ရော ဘာဆက်ဖြစ်မှာလဲ? သူတို့က တရားဝင် ပွဲလုပ်ပြီး စေ့စပ်မှာ။ Tiffany က ဘယ်နေရာကိုရောက်သွားမှာလဲ။

-Memories Of A Cigarette And Pill-Where stories live. Discover now