"သူ အတိတ်တွေ ဘာတွေတော့ မမေ့ဘူးမလား Helen"
ကုတင်ပေါ်မှာ ပတ်တီးအဖွေးသားနဲ့ မေ့နေတဲ့ Taeyeon ကို မျက်ရည်အဝိုင်းသားနဲ့ကြည့်ပြီး မေးလာတဲ့ Tiffany
Helen ခေါင်းကိုပဲ အသာငြိမ့်ပြလိုက်တယ်။ တကယ်တော့ သူမကိုယ်တိုင်လဲ ဆရာဝန်ကြီးမဟုတ်လို့ Taeyeon အခြေအနေကို သေချာမခွဲခြားနိုင်ဘူး။
"နင်ဆေးသောက်ဦး Tiffany"
Tiffany က ဘာမှ ပြန်ပြီး မတုံ့ပြန်။
အင်း...ကောင်မလေး နှစ်ယောက်။ ဒီ့ထပ်ပိုပြီး ရှင်းအောင် ပြောရရင် အတူတူရှိခဲ့တဲ့ တစ်လအတွင်း စည်းတစ်ခုခြားပြီး တစ်ယောက်ကိုတစ်ယောက် ထိန်းချုပ်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်။
Tiffany နဲ့ Helen သိတာ နှစ်နှစ်ကျော်ပြီ။ စတွေ့ကာစက Tiffany ဟာ မျက်နှာမှာ သွေးကြေဥတွေ၊ လက်တွေမှာ ကုတ်ခြစ် ဒဏ်ရာတွေနဲ့။ သူ့အမေက သူ့ကိုဖက်ထားရင်း ဘာမှတောင် မရှင်းပြနိုင်။ ကင်ဆာရောဂါက ပထမအဆင့်ကိုမှ သိကာစ အခြေအနေ။ ဘာမှ အရမ်း မဆိုးရွားသေး။ ဒါကို သေရမှာကြောက်လွန်းတဲ့ Tiffany ဟာ စိတ်ကိုပါ ကုရမယ့်အဆင့်ထိရောက်အောင်ကြောက်လန့်ပြီး သူ့ကိုယ်သူ ပြန်နှိပ်စပ်နေခဲ့တယ်။
"Tiffany နင့်စိတ်ကို နင်တင်းထားပါ။ Taeyeon ဘာမှ မဖြစ်ပါဘူး မသေသေးဘူး။ နင်ထင်သလို သူမသေဘူးလို့ ကြားလား"
Taeyeon ဘေးမှာ မတ်တပ်ရပ်ရင်း Taeyeon ဆီက လုံးဝအကြည့်မလွဲတဲ့ Tiffany ရင်ထဲ ဘာတွေ အတွေးလွဲနေမလဲဆိုတာ Helen သိချင်တယ်။
"သူက သိပ်ခေါင်းမာတယ် Helen ရယ်။ ကျွန်မသူ့ကို ကျွန်မအနားမှာတောင် မထားချင်တော့တဲ့ထိ"
Helen ကို ပြောပြသလိုနဲ့ Tiffany က ရွေရွတ်တယ်။
"သူက သေချင်နေတဲ့သူလေ..."
"အဟင်းး..ဒါကြောင့်လဲ ကျွန်မသူ့ကို မုန်းတာ"
Tiffany က ဖြတ်ခနဲ မဲ့ပြုံးပြုံးပြီး ပြောလာတယ်။
"တစ်လအတွင်း အနေမနီးအောင် ထိန်းနိုင်ခဲ့ကြပြီးပြီပဲ ကိုယ့်လမ်းကိုယ် လျှောက်ကြတော့လေ"
Helen ကို လှည့်ကြည့်လိုက်တဲ့ မျက်ဝန်းတစ်စုံဟာ စူးခနဲ။
"ကျွန်မက အရှိကို အရှိတိုင်းပဲ နေခဲ့တာ Helen သူကသာ အလကားနေ ...
YOU ARE READING
-Memories Of A Cigarette And Pill-
Fanfictionဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်