🍂 5

2.8K 388 54
                                    

မဖတ်ခင်လေး မှာချင်လို့ပါ။ ဒီ Fic က parts လေးတွေကို သေသေချာချာ ဖြည်းဖြည်းချင်း စိတ်နှစ်ပြီး ဖတ်ရင် ပိုပြီး အဆင်ပြေမယ်လို့ hAnn ထင်လို့ပါ။ အရမ်းကို အေးတိအေးစက် ပုံမျိုး ရေးထားတာမို့ အေးတိအေးစက်နဲ့ဖတ်ရင် ပိုအဆင်ပြေပါတယ်။  အဲ့ဒါလေးပြောချင်လို့ ^^

🍂🍂🍂

"ငါဘာအမှားလုပ်မိလို့လဲ Taeyeon"

ထုံးစံအတိုင်း Taeyeon လက်ကို ဆွဲကိုင်ပြီး Tiffany က မေးလာတယ်။ ဆွဲကိုင်ခံထားရတဲ့ ညာဘက်လက်က ထိတွေ့မှုကို အတင်းလျစ်လျူရှူ့ပြီး ဘယ်ဘက်ပုခုံးပေါ်က ကျောပိုးအိတ်ရဲ့ကြိုးကို ကျန်လက်နဲ့ ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်တယ်။

"နင်ဘာမှမလုပ်ဘူး ငါက သေရမှ ဖြစ်မှာ။ ဒီမှာ နင့်ကိုအဖော်လုပ်ပေးရတော့ သေလို့မရဘူးဖြစ်နေတယ်"

"သေဖို့အကြောင်းပြချက်မရှိဘူးလေ နင့်မှာရှင်သန်ဖို့လဲ အကြောင်းပြချက်မရှိဘူးမပြောနဲ့။ မရှိရင် အခုရှိလိုက်တော့"

Tiffany က အလိုမကျစွာ ခပ်ဆတ်ဆတ်နဲ့ ပြောတယ်။ သူဒေါသထွက်မယ်ဆိုလဲ ထွက်သင့်ပါတယ်။ ဒါပေမယ့် မတတ်နိုင်။ သေချာပေါက် သူ့နားမှာ နေလို့မရတော့တာမို့ ထွက်သွားမှဖြစ်မယ်။

"ငါ .. ငါ့ရည်းစားကို လွမ်းလို့ သူနဲ့ပဲအတူရှိချင်တယ်။ နင်နဲ့နေရတာကြာလာတော့ သူ..သူလဲငါ့ကို စိတ်ပျက်သွားမှာစိုးလို့"

Taeyeon လက်ကို လွတ်ချပြီး Tiffany က ခပ်ရေးရေးလေးပြုံးကာ ကုတင်ပေါ်မှာ သွားပြန်ထိုင်တယ်။

"အလကားနေ သေချင်နေတဲ့ နင့်မှာ ရည်းစားထားချိန်ရှိတာ ငါအံ့သြမိသား။ ပြောပါဦး နင့်ကျောင်းဆရာမလား နင့်ရဲ့တစ်ယောက်တည်းသော သူငယ်ချင်းလား နင့်ရည်းစားက?"

တံခါးဘက်ကို ဦးတည်နေတဲ့ Taeyeon မျက်နှာကို Tiffany ရှိရာဆီ လွှဲကြည့်လိုက်တော့ ခပ်တင်းတင်း မျက်နှာထားတစ်ခုက ဆီးကြိုသည်။

ဒီကောင်မလေးက ဘာလဲ....?

"မင်းက ငါ့ကိုယ်ရေးကိုယ်တာကို သိနေတာ ဘာလို့လဲ?"

"သိဆို နင့်ဆရာမကို ငါ့အမေက မေးထားတာကိုး။ Haha...Kim Taeyeon ရယ် လာပါ ခဏထိုင်ပါဦး"

-Memories Of A Cigarette And Pill-Where stories live. Discover now