"ဘာလို့လဲ Lia နင်တို့ကကြိုက်နေကြတာမဟုတ်ဘူးလား"
"မဟုတ်ဘူး အစ်မ"
Lia စာရွက်တွေစစ်ရင်း Tiffany အမေရဲ့ မေးခွန်းကို ခပ်တိုတိုပဲ ဖြေလိုက်တယ်။
"ထူးဆန်းလိုက်တာ"
Mrs.Young က ထပ်ပြောလာပြန်တယ်။ Lia ရဲ့ စိတ်တွေအဆင်ပြေမနေပါ။ သို့ပေမယ့် အားတင်းကာ လျော့ထားရမည်။
"အချစ်က အဲ့လိုပါပဲ"
အတတ်နိုင်ဆုံး စကားစဖြတ်ရန် ထိန်းပြောလိုက်တယ်။
"ငါ့ဆီမှာအလုပ်လုပ်တာက ဟုတ်ပြီ။ သူက ဘာလုပ်တတ်လို့လဲ"
Lia တကယ်တော့ TaeYeon ကို mrs.young ရဲ့ အကျင့်စရိုက်ကို သိသိသာသာ မြင်ရအောင် အလုပ်လုပ်ခိုင်းခြင်းဖြစ်သည်။ ပြန်တွေးကြည့်တော့မှ ကိုယ့်ရဲ့ပိုးဟပ်ဖြူကလေးက ဘာမှမလုပ်တတ်။
"သူလား...သူက မျက်မှောင်ပဲကျုံ့တတ်တယ်"
Lia ပြောပြီး ကိုယ့်ဟာကိုယ် ပြန်ရယ်လိုက်တော့ Mrs.young က ကြောင်ကြည့်နေသည်။
"အလုပ်သင်ပေါ့ အစ်မ။ Lia နဲ့ ဒီ project ပြီးတဲ့ထိပဲ သူ့ကိုလက်ခံပေးနော် အစ်မ"
Mrs.young က အင်းမလုပ် အဲမလုပ်...
"ဘာလို့ နင့်ဆီမှာပဲမလုပ်ခိုင်းတာလဲ"
"သူက ကျွန်မကိုမကြောက်ဘူးလေ...ဒါကြောင့်"
"ငါ့ကိုကျကြောက်တယ်ပေါ့ အဲ့လိုလား"
Lia ဘာပြန်ပြောရမလဲမသိပေမယ့် ခေါင်းငြိမ့်ပြလိုက်တယ်။ အင်း...သူမရဲ့ ပိုးဟပ်ဖြူကလေးက Tiffany နဲ့ ဝေးရမှာကိုပဲကြောက်ကြောင်းတော့ Lia သိတယ်။
"အင်း ပြီးရောလေ နင်အာမခံတယ်ဆိုလဲ"
ဘာမှမဖြစ်ဟန်နဲ့ ခေါင်းတွေပဲ စွတ်ငြိမ့်ပြနေရတာ အရမ်းနေရခက်ကြောင်း Lia ပဲ သိတယ်။
စေ့စပ်ပွဲလေးက ပျက်သွားခဲ့တာပဲ။ လက်စွပ်နှစ်ကွင်းနဲ့ မှာထားတဲ့ပန်းတွေက အလကားပဲပေါ့။ Lia အချစ်တွေလိုပဲ..။ ဘာမှအသုံးမဝင်ခဲ့ပါဘူး။
"နင့်ရုံးနားကိုရောက်နေတယ် နေ့လည်စာအတူလာစား"
စာတစ်စောင်ကိုဖတ်ပြီး ထိုင်ရာက ထလိုက်တယ်။
YOU ARE READING
-Memories Of A Cigarette And Pill-
Fanfictionဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်