"Yeon"
"ဟင် အင်း ပြောလေ"
"ဘာမှမဟုတ်တော့ဘူး"
ဟိုတယ်ထဲက ကုတင်ထောင့် တစ်ထောင့်စီမှာ ခပ်ဝေးဝေးထိုင်ကြရင်း တိတ်ဆိတ်နေတာ ကြာသွားတာမို့ Tiffany သူ့ကို ခေါ်လိုက်ပေမယ့် သူက စိတ်နဲ့ကိုယ်နဲ့ ကပ်နေပုံမပေါ်။
"ငါတောင်းပန်ပါတယ်"
Tiffany သူ့အရှေ့တည့်တည့် သွားပြီး ဒူးထောက်လိုက်တယ်။ ဒီလို တားမရနိုင်တဲ့ ခံစားချက်တွေအတွက် ၊ ကိုယ့်ရဲ့အကြောက်တရားတွေအတွက်နဲ့ သက်သက်မဲ့ သူမက TaeYeon ကို ဒုက္ခပေးနေမိခဲ့လို့။
"Tiffany ဘာလုပ်တာတုန်း ထပါ"
TaeYeon က ပြာပြာသလဲ ကုတင်အစွန်းက ထပြီး Tiffany လက်တွေကို ဆွဲကိုင်ကာ မတ်တပ်ရပ်စေတယ်။ ထိခတ်သွားတဲ့ အဲ့လက်ချောင်းတွေရဲ့ အထိအတွေ့ကအစ Tiffany သူ့ကို စွဲလန်းနေမိတာ။
"ငါ..ငါအရမ်းဆိုးခဲ့တယ် TaeYeon နင့်ကိုအတင်းဆွဲထားမိသလို၊ အခုလဲ အတင်းငါ့အနားကို မရောက်ရောက်အောင် မျက်ရည်ခြူသလိုဖြစ်နေပြီ"
မျက်ရည်ခြူတာ။ တကယ်တော့ ခြူချင်လို့ ကျတဲ့ မျက်ရည်တွေမဟုတ်ပဲ သူမ TaeYeon ကို တကယ်လိုအပ်လို့ ကျလာတဲ့ မျက်ရည်တွေဆို ပိုမှန်မယ်။
"ငါနင့်ကို စိတ်မှမဆိုးနိုင်တာ Tiffany မတောင်းပန်ပါနဲ့"
TaeYeon က တစ်ခြားလူတစ်ယောက်လို Tiffany ကို ငြင်သာနေတယ်။ သနားခံရတာ မနှစ်သက်ပေမယ့် TaeYeon သနားရင်တော့ သူမက အင်အားတွေရှိသလို ခံစားသွားရတာပဲ။
"မမ Anna နဲ့ တွဲဖြစ်နေပြီလား"
ကုတင်ပေါ်မှာ အတူတူထိုင်ရင်း မေးတော့ TaeYeon က ခေါင်းငြိမ့်ပြတယ်။ သူတို့တွဲနေပြီပဲ။
"အင်း ဂုဏ်ပြုပါတယ်"
Tiffany ဂုဏ်ပြုစကားဆိုပေမယ့် ဘာတုန့်ပြန်မှုမှ မလာ။ အခန်းထဲ တိတ်တဆိတ်ပဲ ထိုင်နေကြတယ်။ ညမှောင်နေပြီမို့ မီးထွန်းထားတဲ့ အခန်းထဲ မီးအလင်းရောင်နဲ့အတူ ခံစားချက်မျိုးစုံ ကခုန်နေကြတယ်။
"ငါသေရင် နင်ဘာလုပ်မလဲ Tiffany"
ငါးမိနစ်ကျော်ထိ တိတ်ဆိတ်နေပြီးမှ မေးလာတဲ့ TaeYeon ရဲ့ အသံ..
ESTÁS LEYENDO
-Memories Of A Cigarette And Pill-
Fanficဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်