🍂 19

2.1K 346 40
                                    

မကြောက်ပါနဲ့ ...ကြောက်လန့်တကြားနဲ့ ငါ့ကိုပစ်ပယ်ဖို့ မတွေးလိုက်ပါနဲ့။

TaeYeon ရင်ဘတ်ထဲဗြောင်းဆန်နေတယ်။ အမေ့ကို ကြိုးကွင်းတစ်ခုထဲမှာတွေ့လိုက်ရတုန်းကလို၊ လမ်းကြိုလမ်းကြားတွေမှာ ကိုယ့်ဘဝကို ကာကွယ်ဖို့ အသက်လုပြေးခဲ့တုန်းရလို ၊ အဲ့အချိန်တွေတုန်းက ကိုယ့်ဘဝကိုယ် ကာကွယ်နိုင်ခဲ့သေးသည်။ အခုကတော့ သူမ လုပ်နိုင်တာက Lia ရှေ့မှာ  ကြောင်ပေါက်လေးတစ်ကောင်လို ထိုင်နေရတာပဲ။

Tiffany ကို သူ့အမေက အိမ်အပေါ်ထပ်ဆွဲခေါ်သွားပြီး Lia ကတော့ TaeYeon ကို လာခေါ်ခဲ့သည်။ Lia လက်တွေ တုန်ရီလွန်းနေတာကို သတိထားမိခဲ့တယ်။ Lia လဲ ကြောက်နေတာပဲ...
TaeYeon သိတယ် Lia သူမကိုသိပ်ချစ်တာ။ Lia တောင် အဲ့လောက်ကြောက်နေရင် TaeYeon အခု ဘယ်လောက်ကြောက်နေမလဲ နားလည်ပေးနိုင်မယ်မလား။

မျက်မှောင်ကိုကျုံ့ပြီး တစ်နေရာတည်းကို ငေးစိုက်ကြည့်နေခဲ့တာ ကြာပြီ။ ဟိုဘက်အိမ်က တဝုန်းဝုန်းအသံတွေ တစ်ခါထွက်လာတိုင်း ရင်ဘတ်ထဲ ဆစ်ခနဲဖြစ်သွားရင်း..။ TaeYeon တကယ်ပဲ ဘာမှမတတ်နိုင်ဘူးလား။ Tiffany အတွက် သူမက တကယ်ပဲ ဘာမှအရာမဝင်တဲ့ ချစ်သူတစ်ယောက်ဖြစ်နေတာလား။ ဆိုဖာခုံပေါ်မှာ ထိုင်နေရင်း လက်နှစ်ဖက်ကို ထောက်ထားမိတယ်။ လက်တွေက ထုံကျဉ်ပြီး သွေးမစီးတော့ဘူးတောင်ခံစားနေရသည်။ Lia က ပြတင်းပေါက်ဘေးမှာရပ်နေတယ်။

"Lia"

"ဟင်"

Lia က တော်တော်ကြောက်နေပုံပေါ်တယ်။ TaeYeon ခေါ်သံကိုကြားတော့ ဆတ်ခနဲတုန်သွားပြီး ကယောင်ကတမ်းပြန်ထူးလာတယ်။

"နင်ဘာဖြစ်နေတာလဲ နင်ကပါ ဘာလို့ ဒီလိုဖြစ်နေတာလဲ ငါ့မှာနင်ပဲရှိတယ်လေ Anna Lia ငါ့ကိုကူညီမယ့်နင်က ဒီလိုဖြစ်နေလို့ ရမလား ငါ့အတွက်ပဲ ဖြစ်ဖြစ် နင်သတ္တိရှိရှိ

"Lia တောင်းပန်ပါတယ် Lia တောင်းပန်ပါတယ်။ Lia ကြောင့် ဖြစ်ရတာ ဒါ တကယ်မရည်ရွယ်ပဲ...ဖြစ်သွားတာပါ တောင်းပန်ပါတယ်"

Lia က စကားတွေကို အမြန်ဖြတ်ပြောတယ်။ သူဘာတွေပြောနေတာလဲ ... သူ့ကြောင့်ဖြစ်ရတာဆိုတော့ ဍ

"Anna Lia"

TaeYeon မယုံနိုင်လွန်းစွာ သူ့နာမည်ကို ခပ်တိုးတိုး ခေါ်လိုက်တယ်။ ကျခဲတဲ့ မျက်ရည်တွေက အခုတော့ မျက်ဝန်းအိမ်ထဲ တိုးဝှေ့နေတယ်။ ဒီအဖြစ်အပျက်တွေကို အိမ်မက်လို့ပဲ ခေါင်းစဉ်တပ်ခွင့်ရချင်သည်။

-Memories Of A Cigarette And Pill-Where stories live. Discover now