"ညကအိပ်ရေးမဝဘူးလား တယွန်း နင့်ကြည့်ရတာအားမရှိသလိုပဲ"
အခန်းထဲကထွက်ထွက်ချင်း အပြင်က ခုံတွေကိုသန့်ရှင်းနေတဲ့ Derek ရဲ့ မေးမြန်းသံက နားထဲတိုးဝင်လာတယ်။ Taeyeon ဆိုင်အတွင်းထောင့်နားက ရေခဲသေတ္တာငယ်နားကို တလှုပ်လှုပ်နဲ့သွားရင်း ..
"ဟုတ်ပါ့ဟာ ညက ကောင်မလေးတစ်ယောက်"
ဗြုန်းခနဲ သေခြင်းတရားကို သတိရလာပြန်တယ်။ ပြီးတော့ နာမည်တစ်ခု.. Tiffany..တီ.အိုင်.အက်ဖ်.အက်ဖ်.အေ.အမ်.ဝိုင်.
"ကော်ဖီလာသောက်တာလေ ညနက်ကြီး။ သူပြန်ပြီးတဲ့ထိ ငါအိပ်မပျော်ဘူး"
ရေသန့်ဘူးကို အလောတကြီးဖောက်ပြီး မော့သောက်တော့ လည်ချောင်းတစ်လျှောက် အေးခနဲ စီးဆင်းသွားတဲ့ ရေရဲ့အထိအတွေ့ကို ခံစားလိုက်ရတယ်။ ရေဘူးအဖုံးကို ညာလက်ကကိုင်ရင်း ဆံပင်တွေကိုထိုးဖွပြီး ကျန်တစ်ဖက်က ရေဘူးကိုကိုင်ကာ ဆိုင်အပြင်ဘက်ကို ထွက်တော့ Derek က လှမ်းပြောတယ်။
"နင့်အိတ်ယူသွားဦးလေ ပြောတော့ဖြင့်ငါ့ကိုကူမယ်တဲ့ ဘာလဲ ညကကောင်မလေးကို ကြိုက်သွားလို့လား"
မိန်းကလေးတစ်ယောက်ကိုကြိုက်စရာလားခွေးကောင်ရဲ့ဆိုပြီး ခပ်ကျယ်ကျယ်ရေရွတ်ပြီး ဆိုင်ထဲ ပြန်ဝင်ကာ အိတ်ကို တရွတ်တိုက်ဆွဲယူလာတယ်။ ရေဘူးကို ဆိုင်ထဲကခုံတစ်ခုအပေါ်ပစ်တင်ပြီး
Derek ကို နှုတ်ဆက်ကာ ထွက်လာလိုက်တယ်။ဘယ်သွားရမလဲ...ဒီနေ့တော့ သတ်သေဖို့စိတ်မပါဘူးထင်တယ်။ ခေါင်းကိုက်နေခြင်းကို ခုတုံးလုပ်ပြီး Jay ကို ထမင်းတစ်နပ်လိုက်ကျွေးဖို့ ဖုန်းလှမ်းဆက်လိုက်တယ်။
"ငါ့ကို ဆေးလိပ်ဖိုးလေးပေးစမ်းပါ Jay"
ထမင်းကို ပလုတ်ပလောင်းဝါးပြီး ပြောတော့ တစ်ဖက်ဝိုင်းက ခပ်ငယ်ငယ်ကောင်လေးကို မျက်စပစ်ပြနေတဲ့ Jay က Taeyeon ကို လှမ်းကြည့်လာတယ်။ ပြီးတော့မှ သူ့ဂျင်းဘောင်းဘီတို အိတ်ကပ်ထဲမှာ ထိုးခြေထည့်ထားတဲ့ ပိုက်ဆံရွက်အနည်းငယ်ကို ခုံပေါ်ပစ်တင်ပေးတယ်။
"ဆေးလိပ်ဘူးက...ငါ့မှာပါတယ် Taeyeon ညက ဘဲကြီးက မူးနေတော့ သူ့ဆေးလိပ်ဘူးတွေရော ပိုက်ဆံအိတ်ကြီးပါ ငါ မ.လာခဲ့တာ ရော့"
VOCÊ ESTÁ LENDO
-Memories Of A Cigarette And Pill-
Fanficဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်