🍂 13

2.7K 393 73
                                    

ဆတ်ခနဲ မျက်လုံးတွေကို ဖွင့်တော့ ကျိန်းစပ်သွားတယ်။ Taeyeon မျက်မှောင်တွေကို တွန့်ချိုးလိုက်ပြီး ထဖို့ပြင်တော့ ဘယ်ဘက်လက်မောင်းကို တစ်ခုခုက ဆွဲကိုင်ထားသည်။

Tiffany .. Taeyeon ရဲ့ ကောင်မလေး။ Taeyeon ရဲ့ လက်မောင်းကို သူ့လက်တွေနဲ့ ဖက်တွယ်ပြီး အိပ်မောကျနေပုံက ဘယ်လိုနာကျင်မှုမျိုးနဲ့မှ မထိုက်တန်။ သူ့လည်တိုင်တွေဆီ အကြည့်ရောက်သွားတော့ ရင်ထဲ ဆစ်ခနဲ တစ်ချက်နာသွားတယ်။ Tiffany ကအရမ်းကြောက်တတ်တယ်။ သူ့အဖေပြောခဲ့တဲ့ စကားကို အသေမှတ်ထားပြီး သူ့ကိုယ်သူ ဒဏ်ရာတွေပေးနေမှ သူ မသေမှာလို့ တစ်ထစ်ချယုံကြည်နေတယ်။

"Tiffany ထတော့လေ"

ဖုန်းကိုဖွင့်ပြီး အချိန်ကိုကြည့်တော့ မနက်ငါးနာရီရှိပြီ။ Anna Lia ဆီက phone call တွေ ဝင်ထားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ စာတစ်စောင်သာရှိသည်။

[အိမ်ပြန်နောက်ကျရင် Lia တော့ စိတ်မကောင်းမိမှာ]

မနေ့ညက ပို့ထားတဲ့စာမို့ Anna Lia က သူမနဲ့ Tiffany ကို တစ်ညလုံး အတူမရှိစေလိုတဲ့သဘော။ ဘာဂရုစိုက်ရမလဲ?...Tiffany က အခု သူမရဲ့ ကောင်မလေးဖြစ်နေပြီးပြီ။

စောင်ကို အသာလှပ်တော့ အဝတ်မဲ့နေတဲ့ခန္ဓာကိုယ်တွေက မနက်ခင်းကို ဟားတိုက်တယ်။ Taeyeon ကုတင်ပေါ်ကထပြီး အဝတ်အစားတွေ ကောက်ယူဝတ်ရင်း Tiffany ကိုထပ်နှိုးနေရတယ်။

"ထပါဦး...နေထွက်နေပြီ လာကြည့်"

တကယ်တော့ ချစ်သူတွေဖြစ်ပြီး အတူအိပ်ပြီး နောက်မနက်ဆို တစ်ယောက်ကိုတစ်ယောက် ကလူကျီစယ်ရင်း နိုးထကြတယ်လို့ Taeyeon ကဗျာစာအုပ်တွေထဲ ခဏခဏဖတ်ဖူးတယ်။ Tiffany ကတော့ ထိုသို့မဟုတ်။ ရုတ်တရက် အတင်းကုန်းထပြီး အဝတ်တွေကောက်ကာ စောင်ပုံထဲ ပြန်ခုန်ဝင်သည်။

"ငါတို့ညက မမူးပဲနဲ့ အတူနေလိုက်ကြတာ မထူးဆန်းဘူးလား"

စောင်ပုံကြားထဲက တီးတိုးထွက်လာတဲ့ အသံသြသြလေး..

Taeyeon ပြတင်းပေါက်ကနေ အပြင်ကို ငေးနေရင်း ခပ်ဖွဖွ ပြုံးရယ်လိုက်တယ်။

"အချစ်မူး မူးသွားကြတာနေမယ်"

ရှက်နေတဲ့ Tiffany က အဝတ်အစားကို စောင်အောက်မှာ မရရအောင် ပြန်ဝတ်သည်။ Taeyeon ဘေးနား လာရပ်တော့ ကပိုကရို ဆံပင်တွေကို Taeyeon စည်းနှောင်ပေးလိုက်တယ်။

-Memories Of A Cigarette And Pill-Where stories live. Discover now