🍂 14

2.7K 370 60
                                    

"ငါတကယ်ပြောနေတာ Tiffany"

ခပ်တည်တည် မျက်နှာပေးနဲ့ TaeYeon ပြောနေပေမယ့် Tiffany ကလဲ မျက်နှာထားတင်းတင်း။

"မမ Anna က သိပ်ရဲတာပဲ"

Tiffany က ခေါင်းတွေကို အောက်ငုံ့ချရင်းပြောတယ်။

"အင်း ဟုတ်တယ် သူ့နှုတ်ခမ်းက ရဲနေတာပဲ"

ဆတ်ခနဲ မော့ကြည့်လာတဲ့ အကြည့်စူးစူးတွေအောက် TaeYeon လန့်သွားရသည်။ သူဘာများပြောမိလို့လဲ?

"ငါက သူ့အပြုအမူကို ပြောနေတာ Yeon"

"Ahhh"

Ahhh ဆိုတဲ့ တစ်ခွန်းတည်းပြောပြီး ဘာပြန်ပြောရမှန်းမသိ Tiffany က TaeYeon ရဲ့ ပထမဆုံးကောင်မလေးဖြစ်သည်။ သူမ ချော့တာတွေ ချွဲတာတွေ မလုပ်တတ်။ အခက်တွေ့နေတာမို့ ကြံရာမရ သူ့ရှေ့မှာ တည်တည်ကြီးထိုင်နေတာ ကြာနေပြီဖြစ်သည်။

"ရည်းစား မထားဖူးဘူးမလား?"

"ဟမ်...အင်း"

TaeYeon အမှန်တိုင်းဝန်ခံတော့ Tiffany က ပြုံးတယ်။

"ငါရောပဲ"

Tiffany စကားကိုကြားတော့ TaeYeon ပါ လိုက်ပြုံးမိလိုက်တယ်။ သူမတို့ တကယ်ရူးနေပြီပဲ။

"နောက်ကို ငါတကယ် မရရအောင် ရှောင်ပါ့မယ် ကတိ"

သူ့မျက်နှာကို သေချာကြည့်ပြီးပြောတော့ Tiffany က ခေါင်းငြိမ့်ပြတယ်။

"ငါ့ကို ဖက်ပေးပါဦး"

Tiffany မှာ ဒီအကျင့်လေးရှိတာကို သတိပြုလို့ရပြီမို့ TaeYeon မနေနိုင်လွန်းစွာ သူ့ကိုပွေ့ဖက်ပြီး နှုတ်ခမ်းတွေကို သူ့ပါးဆီ အပ်နှံထားလိုက်တယ်။

🍃

ချစ်ခြင်းမေတ္တာက အင်အားကြီးမားတယ်
အကြောက်တရားတွေထပ် သေမင်းတမန်ထပ် ..

🍂

"Lia နဲ့ အတူနေနေတာမလား သူက"

Laptop နဲ့ အာရုံများနေတဲ့ Lia ကို အရှေ့မှာရှိတဲ့
Tiffany အမေက ရုတ်တရက်မေးတယ်။ သူဘာကိုဆိုလိုချင်လဲ သိတာမို့

"ဟုတ်တယ် အမ Lia နဲ့ သူနေနေတယ်"

Project မပြီးမချင်း Tiffany အမေနဲ့ Lia က ခဏခဏတွေ့နေရမည်ဖြစ်ပြီး အလုပ်ကိစ္စ အဆင်ပြေအောင် Lia ဘက်က အတတ်နိုင်ဆုံး ငြင်သာနေရမည်ဖြစ်သည်။

-Memories Of A Cigarette And Pill-Where stories live. Discover now