🍂 20

2.2K 331 38
                                    

🍂

ကံမကောင်းသူတွေရဲ့ တောင်းပန်စကားကို
ပုံပြင်တွေက ဘောင်သွင်းမယ် ထင်သလား...?
ဘဝတွေကလဲ ဟိုးရှေ့ရှေ့တုန်းကနဲ့ စခဲ့တာပါပဲ...

🍂

{ တစ်ပတ်ကြာသော် }

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"

Kate ရှိရာဆီက Lia ခပ်တွေတွေပဲထွက်လာခဲ့တယ်။ Kate လဲ မသိဘူးတဲ့။ TaeYeon က သူ့ဆရာမဆီကိုလဲ မသွားခဲ့ ၊ သူ့သူငယ်ချင်း Jay ဆီလဲ မသွားခဲ့။

Lia စဉ်းစားပေမယ့် ကိုယ်တိုင်လဲ ကြိုးပြတ်ကျသွားတဲ့ ရုပ်သေးရုပ်တစ်ခုလို အင်အားတွေကုန်ခမ်းနေတယ်။

သိပ်ချစ်ရတဲ့ ပိုးဟပ်ဖြူကလေးကို Lia ဘယ်လိုရှာရပါ့...

×××

"TaeYeon ဘယ်မှာလဲ ခေါ်ပေးပါ မာမီ"

Tiffany စိတ်တွေရှုပ်နေတယ်။ သူမ TaeYeon ကို လိုတယ်။ မာမီ လွန်ခဲ့တဲ့တစ်ပတ်က ပြောထားတဲ့ TaeYeon က နင့်ကိုသတ်ဖို့လာတာဆိုတဲ့ စကားကို Tiffany မယုံတော့ဘူး။ မာမီပေးတဲ့ဆေးတွေကို သူမ မလိုအပ်ကြောင်း TaeYeon ကို သတိရတဲ့စိတ်တွေက ပြောပြတယ်။

သတ္တိမရှိခဲ့ဘူး။ TaeYeon သူမကို မုန်းသွားပြီလား.. သိပ်ကိုသတ္တိကြောင်တဲ့ သူ့ကောင်မလေးကို သူ မတွေ့ချင်လောက်အောင်ထိ မုန်းသွားပြီလား။ ​

ချစ်သူတွေဖြစ်ခဲ့ကြတာ။ လွယ်လွယ်ကူကူ ပတ်သတ်ခဲ့ကြတာမဟုတ်ဘူး ဒါကိုဘယ်လိုလုပ် Tiffany က သူ့ကို ပစ်ပစ်ခါခါ ငြင်းပစ်ရဲရတာလဲ !!!!!

လက်တွေပေါ်ကို မျက်နှာအပ်ချလိုက်တယ် ငိုထားရလွန်းလို့ မျက်လုံးတွေကျိန်းစပ်နေပြီ။ အိပ်မပျော်တာဟာ ဒီနေ့နဲ့ဆို ရှစ်ရက်။

ဆေးပြားတွေမလိုချင်တော့ဘူး။ စီးကရက်ကို လက်ကြားညှပ်ထားမယ့် သူ့ချစ်သူကိုပဲလိုချင်တယ်။

မာမီပြောတဲ့ TaeYeon က Tiffany ကြောက်စိတ်ကို အသုံးချထားတဲ့ စကားတွေပဲ..။ ဒါကို သိရက်နဲ့...

အသုံးမကျလိုက်တာ Tiffany... နင်က အရင်လို ဒဏ်ရာတွေနဲ့ပဲ တန်တဲ့မိန်းမ။

"ကျွန်မပြောနေတယ်လေ TaeYeon ကိုခေါ်ပေး!!"

ပြတင်းပေါက်ဘေးမှာရပ်နေရာကနေ အထဲကိုပြန်ကြည့်ပြီးအော်လိုက်တယ်။ မာမီ မရှိဘူးပဲ။ ရယ်ရတယ်...မာမီက Tiffany ကို ဆေးရုံနဲ့ပဲတန်တဲ့မိန်းမ ဆိုပြိီး ဒီကိုလာပြန်ပို့ခဲ့တာ။

-Memories Of A Cigarette And Pill-Where stories live. Discover now