🍂 1

13.1K 588 55
                                    

ပုံပြင်တွေကို ဘယ်လိုသဘောရလဲ?

ဒီ ဖြစ်ရပ်တွေကို ခေါင်းစဉ်တပ်ရမယ်ဆို ဟိုးရှေ့ရှေ့တုန်းကနဲ့ စတင်ပါတယ်။

-Memories Of A Cigarette And Pill-

"နင်ဒါဘယ်ကရတာလဲ Jay"

"နင့်ကျောပိုးအိတ်ထဲကပေါ့"

"ပြန်ပေး ဒါနင်နဲ့မဆိုင်ဘူး"

"နင်သောက်တဲ့ဆေးလိပ်က ဘာအရသာများရှိတာမို့ ဒီလိုဖြစ်နေရတာလဲ Taeyeon"

ကျောင်းခေါင်မိုးပေါ်။ ကောင်မလေးနှစ်ယောက်။ တစ်ယောက်က စီးကရက်ဘူးကိုကိုင်မြှောက်ရင်းမေးတယ်။ တစ်ယောက်က မျက်မှောင်ကိုကြုံ့ပြီး ကြည့်နေတယ်။ မေးခွန်းအတွက် အဖြေမရမချင်း စီးကရက်ဘူး ပြန်ပေးမည့်ပုံမပေါ်။

"ဘာအရသာမှမရှိဘူး ပြန်ပေးတော့"

ဆတ်ခနဲ ဆွဲယူတော့ အငိုက်မိသွားတဲ့ Jay က အားရပါးရ ရယ်တယ်၊၊

"နင်ဘာလိုက်လုပ်တာလဲ ဒီခေါင်မိုးပေါ်"

"ဆရာမကပြောတယ် နင့်သူငယ်ချင်းကိုနင်အသေခံမလို့လားတဲ့ အဲ့ဒါနဲ့ နင်ခုန်ချမသေခင် ငါလိုက်လာတာ"

Taeyeon က မျက်မှောင်ကိုကျုံ့ထားတုန်း။ သူ့မျက်ခုံးတွေက အမြဲလိုလို တွန့်ချိုးနေတတ်တော့ ဒီဖြစ်ရပ်က အရမ်းတော့ မထူးဆန်းဘူး။ Jay အသားကျနေပြီ။ ဗြုန်းခနဲ Taeyeon က ကျောင်းခေါင်မိုးရဲ့ ဘောင်ပေါ်ကိုခုန်တက်တယ်၊၊ ပြီးတော့ ထိုင်ချတယ်။

"အရင်တစ်ခါက ခုန်ချတာ မသေလို့ ဒီခေါင်မိုးကနေ ထပ်ခုန်ချဖို့ကို ပယ်လိုက်ပြီ"

Jay က Taeyeon ရဲ့ကျောပိုးအိတ်ကို လွယ်လာတာမို့ သူ့ကျောကချွတ်ပြီး လှမ်းပစ်ပေးလိုက်တယ်။

"အလုပ်သွားရမှာမလား Taeyeon ဒီမှာက နင်ထင်တာထပ် ငွေရှာရလွယ်ပါတယ်။ သေဖို့နည်းလမ်းကိုပဲ တွေးမနေပဲ အလုပ်ပဲလုပ်
ဟုတ်ပြီလား...ငါတော့ ငွေသွားဖမ်းဦးမယ်"

ကျောပိုးအိတ်ကို လှမ်းဖမ်းပြီး လက်ထဲက စီးကရက်ဘူးကို အိတ်ထဲ ဖြစ်သလို ထိုးထည့်ကာ Taeyeon ခေါင်းငြိမ့်ပြလိုက်တယ်။ သူအတူအိပ်စရာယောက်ျားသွားရှာတာကို Taeyeon အား အရေးတယူပြောပြနေတဲ့ Jay ကိုအံ့သြတယ်။

-Memories Of A Cigarette And Pill-Donde viven las historias. Descúbrelo ahora