"Tae ဘာဖြစ်လို့လဲ?"
ထမင်းစား စားပွဲမှာ နှစ်ယောက်အတူထိုင်စားနေပေမယ့် TaeYeon ပုံက စိတ်တွေလွင့်နေပုံ။ Lia ခက်ရင်းနဲ့ဇွန်းကို အသာချပြီး မေးသည့်တိုင် TaeYeon က အတွေးများနေဆဲ။
နှုတ်ခမ်းတွေကွေးညွတ်သွားတဲ့ထိ ပြုံးလိုက်ပြီး ကိုယ့်နဖူးကိုယ် လက်ညှိုးနဲ့ အသာကုတ်ခြစ်လိုက်တယ်။ Lia အသံထပ်ကျယ်ပြီး ခေါ်လိုက်သည်။
"TaeYeon"
"ဟင်"
"မင်းစိတ်တွေ ငါ့အိမ်ထဲမှာ ရှိမနေတာ စိတ်မကောင်းစရာပဲ"
Lia ပြောတော့ TaeYeon မျက်မှောင်တွေက ပိုပြီး တွန့်ချို့သွားတယ်။ သိပ်လှတာ...။
"ငါ နေကောင်းပါတယ်"
"မင်းနေကောင်းတာ ငါသိပါတယ် စိတ်ကိုသာ ငါ့အိမ်ထဲမှာထား"
"အမိန့်တွေ ငါမကြိုက်ကြောင်းပြောပြီးပြီထင်တယ် Lia"
Taeyeon အသံက တဖြည်းဖြည်းကျယ်လာတယ်။ Lia ခပ်ဖွဖွ ရယ်လိုက်သည်။
"Lia သိပါတယ်လို့ ထမင်းကိုစိတ်နှစ်ဖို့ပြောနေတာ မဖြစ်ဘူးပဲ...ကောင်းမွန်တဲ့ညစာလေးတစ်ခုဖန်တီးပေးဦးမှ"
Lia ဘာကို ဆိုလိုနေမှန်း Taeyeon နားမလည်ပေမယ့် စကားမများချင်တာကြောင့် စားပွဲက ထပြီး ဆိုဖာပေါ်မှာ သွားထိုင်နေလိုက်တယ်။
Tiffany နဲ့ ညနေခင်းက တွေ့ပြီးတည်းက အဆင်မပြေ။ အဲ့ကောင်မလေး အခုရော အဆင်ပြေရဲ့လားဆိုတာသိချင်သည်။
Lia ကလဲ စားပွဲမှာမရှိတော့။ ဖုန်းဆက်ပြီးတစ်ယောက်ယောက်ကို ဘာတွေခိုင်းနေလဲတော့ မသိ။ ဖုန်းကိုဖွင့်ပြီး ဟိုဟိုဒီဒီ ကြည့်နေပေမယ့် စိတ်ကိုအပျင်းပြေစေတာမျိုး ဘာမှမတွေ့။
နာရီဝက်လောက်ကြာသည်အထိ Taeyeon ရင်ထဲက Tiffany ကို စိတ်ပူနေတဲ့ သတိရခြင်းတွေ နည်းနည်းမှ လျော့နည်းမသွားတာ ဘဝင်မကျစရာဖြစ်သည်။ ဆိုဖာခုံပေါ် ခွေခေါက်ကာ လှဲနေရင်းနှင့်ပင် သူမက Tiffany အဆင်မှပြေနေရဲ့လားဆိုတာကို အကြိမ်တစ်ရာနီးပါးထိ တွေးပြီးပြဖြစ်သည်။
"ထ..."
"Yahh..ငါ့ကို ကလေးလိုမဆက်ဆံနဲ့!!"
ရုတ်တရက် ပါးကို လှမ်းဆွဲပြီး ပြောလာတဲ့ Lia ကြောင့် Taeyeon ဒေါသတကြီး လက်ကိုပုတ်ထုတ်ကာ အော်လိုက်မိတယ်။
YOU ARE READING
-Memories Of A Cigarette And Pill-
Fanfictionဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်