🍂 16

2.4K 347 38
                                    

"အဲ့လိုမလုပ်ပါနဲ့"

Tiffany က ခေါင်းတွေကို အထပ်ထပ်ခါပြီး စငိုတယ်။ ကိုယ့်ကောင်မလေးရဲ့ ဒီလိုအပြုအမူမျိုးကို TaeYeon သိပ်ကြောက်တာ။ Tiffany မှာ စိတ်ဒဏ်ရာတွေအများကြီး။ TaeYeon က ထပ်ပြီး ဘာဝေဒနာမှ ပေးလို့မဖြစ်ဘူး။

"ငါ့ကိုကြည့် ငါ့ကိုကြည့် Tiffany"

မေးဖျားကနေ ဆွဲမော့ခံလိုက်ရတဲ့ သူ့မျက်နှာနုနုမှာ မျက်ရည်တွေက အထင်းသား။ Tiffany က ငိုနေရင်တောင် ချောတဲ့ ကောင်မလေးမျိုး။

"နင့်ကိုသူပိုင်တော့မှာလေ Yeon ငါကဘာလို့ခွင့်ပြုပေးရမှာလဲ အဲ့ကိစ္စကို"

TaeYeon ခေါင်းခါလိုက်တယ်။ 

"ငါ့ကိုသူပိုင်မယ်လို့ ဘာလို့တွေးရတာလဲ အရူးမလေးရဲ့ .. ဟင်?"

"ငါမသိဘူး...ငါသိတာက သူကနင့်ရဲ့ တရားဝင်ဆိုင်သူဖြစ်တော့မှာ ငါကဘောင်မဝင်ဘူး"

Tiffany က ပြောရင်း ပြောရင်း ပိုငိုတယ်။ သူမျက်ရည်ကျနေတာကို မလိုချင်သည့်တိုင်အောင် သူ့မျက်ရည်တွေမြင်နေရတာကို TaeYeon စိတ်ကသာယာနေတယ်။ ကိုယ့်ကောင်မလေးက ကိုယ့်ကို ဆုံးရှုံးရမှာ ဘယ်လောက်တောင် ကြောက်နေလဲ သူမ သိရလို့လေ။

"ငါ့ကိုကြည့်စမ်း Tiffany"

ကျစ်ဆံမြီးနဲ့သိပ်လှတဲ့ ကောင်မလေး။ ငိုနေတာတောင် ချောနေတဲ့ ကောင်မလေး။ TaeYeon ထပ် အရပ်နည်းနည်းပိုရှည်တဲ့ကောင်မလေး။

"နင်က ငါ့ကောင်မလေးပဲ Tiffany ငါ့နှလုံးသားနဲ့ စိတ်ဆန္ဒတွေကို နင်ပိုင်တယ် အဲ့ထပ် မှန်နေတဲ့ အမှန်တရား ဒီလောကမှာမရှိဘူး ငါနင်နဲ့မဝေးနိုင်ဘူး Tiffany ရဲ့ ငါနင့်ကိုပဲ ချစ်ပြီး ငါ့ရှင်သန်ချိန်တွေကို ကုန်ဆုံးချင်တာ"

Tiffany က TaeYeon ရဲ့ မျက်ဝန်းတွေထဲ ငေးစိုက်ကြည့်နေတယ်။ တစ်ခုခုကို သိချင်နေတဲ့ပုံမျိုးနဲ့။

"Lia က

"နင်ဘာလို့ မျက်ရည်မကျတာလဲ Yeon နင် ဘာလို့ မငိုတာလဲ"

TaeYeon စကားတွေကို ကြားဖြတ်မေးလာတဲ့ သူ့မေးခွန်း...။ TaeYeon ဖြတ်ခနဲပြုံးမိပေမယ့် Tiffany စိတ်ဆိုးသွားမှာစိုးလို့ ပြန်တည်လိုက်တယ်။

-Memories Of A Cigarette And Pill-Where stories live. Discover now