"Tiffany နဲ့ ချိန်းမတွေ့ဘူးလား ဒီနေ့"
"အင်း သူ့အမေနဲ့လိုက်သွားစရာရှိတယ်တဲ့"
"Ahh..ဟုတ်သား ညစာစားပွဲရှိတယ် အဲ့အတွက် ပြင်နေတာပဲ ဖြစ်မယ်"
Lia ပြောပြတာကို TaeYeon ခေါင်းငြိမ့်ပြလိုက်တယ်။ ညစာစားပွဲရှိတယ်ဆိုတာ Tiffany အမေအတွက်ရော သူ့အတွက်ပါ အရေးကြီးလိမ့်မယ်ဆိုတာ ရိပ်မိပေမယ့် Lia ဟာ မနက်တည်းက ဖွင့်ထားတဲ့ ဓာတ်ပြားကသီချင်းတွေကို ဝိုင်ခွက်ကိုင်ရင်းပဲ လိုက်ငြီးနေတုန်း။
ဟောင်းနေပြီဖြစ်တဲ့ ကျောပိုးအိတ်လေးကို TaeYeon ဟိုဟိုဒီဒီ ပွတ်တိုက်နေမိတယ်။ သူတောင် ဖုန်တွေနဲ့မထိတွေ့ရတာ ကြာနေပြီ။ အရင်လို ပိုင်ရှင်က ကလေကချေနဲ့ လမ်းဘေးတွေမှာ သူ့ကိုခေါင်းအုံးအိပ်လဲ အပြစ်မမြင်ရှာတဲ့ သူမရဲ့ကျောပိုးအိတ်ကလေး။
"နင်ကရော?"
ကျောပိုးအိတ်ဇစ်ကို ဟိုဘက်ဒီဘက်ဆွဲကြည့်ရင်း TaeYeon သူ့ကိုမေးလိုက်တယ်။ အိမ်အကြီးကြီးရဲ့အောက်ထပ်က ဧည့်ခန်းထဲမှာ ဓာတ်ပြားကလာနေတဲ့ 1990 လောက်က သီချင်းသံနဲ့ TaeYeon ကျောပိုးအိတ်ကလေးက တစ်ချက်တစ်ချက် ထွက်လာတဲ့အသံလေးပဲရှိတယ်။
Lia က မတ်တပ်ထရပ်ပြီး သူ့ညအိပ်ဝတ်ရုံက ဖဲပြားစကို ပြန်စည်းနှောင်သည်။ ရေတောင်မချိူးရသေးပဲ မနက်တည်းက အရက်ခွက်ကိုင်ပြီး သီချင်းနားထောင်နေတဲ့ ထိုမိန်းမကို TaeYeon လဲ နားမလည်တော့။
"မသွားချင်လို့ ဘယ်လိုရှောင်ရင်ကောင်းမလဲ စဉ်းစားနေတာ ညတည်းကပဲ"
သူထိုင်နေတဲ့ နေရာနဲ့ ခပ်လှမ်းလှမ်းခုံပေါ်က ဝိုင်ပုလင်းမှာ အရည်တွေက အနည်းငယ်ပဲကျန်တယ်။ Lia က လက်ကျန်ဝိုင်တွေကို သူ့ဖန်ခွက်ထဲအကုန်ငှဲ့ချပြီး လည်နေတဲ့ဓာတ်ပြားဘေးက ခုံအမှီမှာပြန်ထိုင်တယ်။ တစ်ချက်တစ်ချက် လေကြောင့် လွှင့်သွားတဲ့ သူ့ဝတ်ရုံအကြီးကြီးရဲ့ အောက်မှာ ဘာအဝတ်မှ မရှိဘူးဆိုတာ TaeYeon မြင်နေရတယ်။ ဆတ်ခနဲ အကြည့်တွေကို ကျောပိုးအိတ်လေးဆီပြန်ပို့ပြီး Tiffany နာမည်ကိုစိတ်ထဲကနေ ရေရွတ်လိုက်တယ်။
"မသွားချင်တာကို မသွားပဲနေလိုက်ရင်ပြီးတာကို တွေးနေသေးတယ် အလုပ်ကခပ်ရှုပ်ရှုပ်နဲ့"
YOU ARE READING
-Memories Of A Cigarette And Pill-
Fanfictionဆန့်ကျင်ဘက်တွေ ပေါင်းရင် သိပ်ကိုကြည့်လို့လှတာ ဥပမာ - နင်နဲ့ငါ့လို.....အင်း... ဆန့်ကျင်ဘက်တိုင်းက အမြဲဝေးရတယ်ဆိုတဲ့ အမှန်တရားခပ်ရေးရေးက လွဲရင်..အကုန် သိပ်လှတယ်