🍂 8

2.6K 384 17
                                    

မျက်နှာပေါ်ကို အုပ်မိုးလာတဲ့ သူ့ပုံရိပ်ကို Taeyeon ဒီတစ်သက်မေ့မရတော့မယ့် စာရင်းရဲ့ နံပါတ် နှစ် နေရာမှာ မှတ်ထားလိုက်တယ်။

နှုတ်ခမ်းတစ်စုံက အရာအားလုံးဖြစ်သွားသည်။ မလုပ်သင့်ဘူးဆိုတဲ့ ဦးနှောက်က အသိပေးချက်ကို လက်ခံရရှိသည့်တိုင်အောင် Taeyeon လျစ်လျူ့ရှူ့မိသွားခဲ့တယ်။

မျက်ရည်တွေနဲ့ စိတ်ပြေစေတဲ့ ကောင်မလေးရယ်။ လိုချင်စိတ်များနေတဲ့ စိတ်တွေနဲ့ ကိုယ့်နှုတ်ခမ်းတွေကို ကျူးကျူးကျော်ကျော် သိမ်းပိုက်လိုက်တဲ့ ကောင်မလေးရယ်..ဒီမိန်းကလေးကို ချစ်လို့ကို မရ။

"ဆာသေးလား စီးကရက်"

Tiffany က သူ့နှုတ်ခမ်းတွေကို ခပ်ဖွဖွပြန်ပွတ်ရင်း မလုံမလဲ မေးလာတယ်။ အခုမှ ရှက်သွားသလိုလို။

"နင့်နှုတ်ခမ်းက စီးကရက်မှ မဟုတ်တာ အဲ့တော့ စီးကရက်သောက်ချင်နေတုန်းပဲ"

ခပ်တင်းတင်းဖြစ်သွားတဲ့ မျက်နှာထားလေးကြောင့် Tiffany စိတ်ခုသွားကြောင်း Taeyeon သဘောပေါက်လိုက်တယ်။

သောက်ဖူးသမျှ စီးကရက်အရေအတွက်ထပ် ခပ်ထူထူ နှုတ်ခမ်းတစ်စုံက ပိုပြီး ချိုသက်ကြောင်းတော့ ဖွင့်ဟမပြောဖြစ်လိုက်ဘူး။

"Tiffany"

တကယ် စိတ်ဆိုးသွားတဲ့ သူမဟာ Taeyeon ခေါ်သံကို ကြားသည့်တိုင် လှည့်မကြည့်လာ။

"Tiffany ငါ့ကိုကြည့်စမ်း"

"ပြော ငါနားစွင့်နေတယ်"

Tiffany က ပြောရင်းဆိုရင်း ကုတင်ဘေးက ထပြီး ပြတင်းပေါက်တွေကို ပြန်ဖွင့်နေတယ်။ ပြီးတဲ့နောက် အခန်းတံခါး Lock ပါ ဖွင့်တယ်။ ပြီးတော့မှ ကုတင်ဘေးကို လာပြန်ထိုင်ပြီး Taeyeon
မျက်နှာကို စေ့စေ့ကြည့်တော့တယ်။

ငါ့ကိုကြည့်စမ်း လို့ ပြောပြီး တကယ်တမ်း အကြည့်ခံရတော့ Taeyeon ရင်ထဲ နေရခက်နေသည်။

"ဘာလို့ သေခွင့်မပေးရတာလဲ။ ငါ...လွတ်မြောက်တော့မယ့် အခွင့်အရေးကို နင် တစ်ဖက်သတ်ပိတ်ပင်လိုက်တာ"

ဒေါသတကြီး ပြောချင်သော်လည်း ခန္ဓာကိုယ်တွင်းက နာကျင်နေတဲ့ ဒဏ်တွေကြောင့် စိတ်သွားတိုင်းကိုယ်မပါ။

-Memories Of A Cigarette And Pill-Where stories live. Discover now