1.

1.6K 116 4
                                    


[Zawgyi]

"​ဟေ့​ကောင်​ မင်း​ပြောစမ်း .. မင်းပိုက်​ဆံ​တွေဘယ်​​ရောက်​ကုန်​ပြီလဲ "

"အ​မေ့အတွက်​​ဆေးဖိုး​ပေးခဲ့ပြီလို့ ကျွန်​​တော်​​ပြောပြီး​လေ "

"မင်းငါ့ကိုပြန်​​ပြောရဲတယ်​​ပေါ့ ဟုတ်​လား .. Kim JongIn .. မင်းအစ်​ကိုဖြစ်​တဲ့ငါ့ကို​တောင်​ပြန်​​ပြောရဲ​​နေပြီ​ပေါ့ဟုတ်​လား "

အထက်​တန်း​ကျောင်း​ဝန်း၏ လူ​ခြေတတ်​​သော​နေရာမို့ Kim Taemin စိတ်​ကြိုက်​​အော်​​နေသည်​။ဒီ​နေရာ၏မလှမ်းမကမ်းတွင်​ Kim TaeMin ၏သူငယ်​ချင်း Choi MinHo ကရှိ​နေခဲ့​တာ​ကြောင့်​လည်း​​စိတ်​ကြိုက်​​အော်​ရဲ​နေသည်​ထင်​။

" Hyung .. ကျွန်​​တော်​ Hyung ကိုအထက်​တန်း​လေး​အောင်​​စေချင်​လို့ပါ Hyung ရာ .. အရက်​​တွေမ​သောက်​ပါနဲ့​တော့ .. ​ဆေး​တွေလည်းမသုံးပါနဲ့​တော့ .. ဘယ်​သူမှသတိမထားမိဘူးဆို​ပေမယ့်​ .. မသုံးတာ .. "

"​တော်​စမ်း .. ငါကြိုက်​တာငါလုပ်​မယ်​ .. Kim အိမ်​​တော်​မှာ ငါကအကြီးဆုံးသားဘဲ .. ဘယ်​သူ့ကိုမှဂရုစိုက်​စရာမလိုဘူး "

"Hyung .. ​ပြောတဲ့ Kim အိမ်​​တော်​က နာမည်​သက်​သက်​ဘဲရှိ​တော့တာ​လေဗျာ .. ခုချိန်​မှာ ကျွန်​​တော်​တို့ထဲကတစ်​​ယောက်​​ယောက်​​သေသွားရင်​​တောင်​ အသုဘပြင်​ဆင်​​ပေးဖို့ ​​ငွေး​ကြေးနဲ့​တောင်​​ထောက်​ပံ့မှာမဟုတ်​ဘူး .. Hyung .. ရုံးထွက်​လိုက်​​ပါ​တော့ .. အတိတ်​​တွေထဲက​နေ .. ပြီးခဲ့ပြီ Hyung "

"မင်းကငါ့ကိုဆရာလုပ်​ချင်​တာလား .. ငါ့ကိုပိုက်​ဆံ​တစ်​ပြားမှမ​ပေးနိုင်​ဘဲနဲ့ဆရာလုပ်​ချင်​တာလားဟမ်​!!! "

ရုတ်​တရက်​ JogIn မျက်​နှာဆီ​ရောက်​လာသာ Hyung ရဲ့လက်​သီးချက်​များ။ကျွန်​​တော်​တက်​နိုင်​သမျှ ရုန်းကာ ခုခံ​ပေမယ့်​ ကျွန်​​တော့်​ထက်​ လူ​ကောင်​​ရော .. အသက်​အားဖြင့်​​ရော ကြီး​သော Hyung ၏အားကိုမတွန်းလှန်​နိုင်​ခဲ့ပါ။

အလယ်​တန်း​ဒုတိယနှစ်​သာရှိ​သေး​သော ကျွန်​​တော်​က ရပ်​ကွက်​ထဲက ထမင်းဆိုင်​မှာ အနှိမ်​ခံဘဝနဲ့ အလုပ်​လုပ်​ကာ ရလာ​သော ပိုက်​ဆံကို​ကုတ်​ချစ်​သုံးပြီး အ​မေ့အတွက် ​ဆေးဖိုးနှင့်​ အစ်​ကိုကြီးအတွက်​ ​စာအုပ်​ဖိုး​တွေ​ပေး​နေတာဖြစ်​သည်​။ဒါ​တောင်​ အိမ်​တွင်​ ၅နှစ်​အရွယ်​ Eunhee ​လေးရှိ​သေးသည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now