2.

925 98 4
                                    


[Zawgyi]

မနက်​ကျွန်​​တော်​နိုး​တော့ ​ဘေးက EunHee ​လေး​​တောင်​​နိုး​နေ​လေပြီ​။မနက်​၈နာရီ​ကျောင်းတက်​တာမို့ ၇နာရီ​လောက်​​ရောက်​​အောင်​သွားရမည်​။၇နာရီ​ရောက်​ဖို့ ၆နာရီခွဲကတည်းကအိမ်​ကထွက်​ရမည်​ဖြစ်​သည်​။

"ကိုလတ်​"

"အင်း .. EunHee နိုးပြီလား .. လာ ရှူးတိုးတိုး "

ဘေးကအိပ်​​နေဆဲဖြစ်​​သော အစ်​ကိုကြီးနှင့်​အစ်​ကို MinHo တို့ကိုမနက်​အ​စောနိုးသွားမည်​စိုးသဖြင့်​ တိုးတိုးနှင့်​နှစ်​ယောက်​သားအိပ်​ရာကထကြသည်​။

နှစ်​​ယောက်​သားမျက်​နှာသစ်​ပြီး မနက်​စာစားဖို့ထွက်​လာခဲ့သည်​။ခေါက်​ဆွဲတစ်​ပွဲမှာပြီး​မောင်​နှမနှစ်​​ယောက်​ပန်းကန်​တစ်​​ယောက်​တစ်​ချက်​ဆီ​တောင်းကာ ခွဲစားကြသည်​။အတူတူမနက်​စာစားဖြစ်​​သောမနက်​တိုင်း လမ်းထိပ်​ကဒီဆိုင်​​လေးမှာစားဖြစ်​တာမို့ အန်​တီကြီးက​တောင်​ကျွန်​​တော်​တို့ကိုမှတ်​မိ​နေသည်​။

"EunHee .. ကိုလတ်​ကမုန်​ဖိုး​ပေးခဲ့တာမို့ ​ဘေးအိမ်​ကအန်​တီကြီးဆီ​က​နေမစားရဘူး​နော်​​ ​နေ့လည်​ကြရင်​ အိမ်​နားကထမင်းဆိုင်​ကဝယ်​စားသိလား .. "

"ဟုတ်​ကဲ့ "

"လိမ္မာတယ်​ .. ခုကတည်းကဝင်​​နေလိုက်​​တော့​နော်​ .. ကိုလတ်​က​ကျောင်းသွားရင်​ ​အင်္ကျီတစ်​ထည်​လာ​ပေးမယ်​​နော်​ ​ရေချိုးပြီးအင်္ကျီလဲရ​အောင်​ "

"ဟုတ်​ .. ကိုလတ်​ Fighting "

ဆံပင်​ဂုတ်​​ထောက်​​လေးနှင့်​ ပါးချိုင့်​​ပေါ်​အောင်​ရယ်​ပြီး​ပြော​နေ​သော ညီမငယ်​ကိုချစ်​မဝစွာကြည့်​လိုက်​သည်​။EunHee ကငယ်​ငယ်​ကတည်းကကျွန်​​တော့်​လက်​​ပေါ်မှာကြီးလာတာမို့ ကိုကြီးကို​တော့သိပ်​မခင်​တွယ်​။ညီမ​လေးက ​မေ​မေနှင့်​အရမ်းတူသည်​။ကျွန်​​တော်​နဲ့အစ်​ကိုကြီးကသာ Kim အိမ်​​တော်​ဘက်​သွားတူကြတာဖြစ်​သည်​။

"​ကျေးဇူးပါကွာ .. EunHee လည်းလိမ်​လိမ်​မာမာ​နေ​နော်​ "

ညီမ​လေးကို​ဘေးအိမ်​ကအန်​တီကြီးဆီ ဝင်​ထားခဲ့ပြီးအိမ်​ကိုဝင်​လိုက်​သည်​။အိပ်​ခန်းထဲလွယ်​အိတ်​ဝင်​ယူ​ပြီးအစ်​ကို​တွေကိုနှိုးဖို့ပြင်​လိုက်​သည်​။သို့​သော်​ အစ်​ကို MinHo ၏ရင်​ခွင်​ထဲဝင်​ကာ အိပ်​​နေ​သော အစ်​ကိုကြီး​ကြောင့်​ ကျွန်​​တော်​နှိုးဖို့တွန့်​ဆုတ်​သွားသည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now