11.

649 63 5
                                    

[Zawgyi]

"Nini ... ငါ့ကို​စောင့်​ဦးဆို "

ကျောင်းဝင်းအတွင်းဝင်​လိုက်​သည်​နှင့်​မကြားချင်​ဆုံးအသံကိုအရင်​ဆုံးကြားလိုက်​ရသည်​။ကျွန်​​တော်ရဲ့ကံမ​ကောင်းမှု​တွေကအထက်​တန်း​နောက်​ဆုံးနှစ်​ကြမှ စုပြုံ​နေသလားမ​ပြောတတ်​ပါ။

"ဟူး .. Nini ရာ .. ဖြည်းဖြည်း​​လျှောက်​ပါ "

"ငါ့ဘာသာ ဖြည်းဖြည်း​လျှောက်​ချင်​​လျှောက်​မယ်​ .. မြန်​မြန်​​လျှောက်​ချင်​​လျှောက်​မယ်​ .. မင်းအပူပါလား "

"ငါက မင်းနဲ့​ဘေးချင်​ယှဉ်​ပြီးလမ်း​လျှောက်​ချင်​တာ .. အ​နောက်​မှာလည်းမကျန်​​နေချင်​ခဲ့သလို အ​ရှေ့က​နေလည်းကြိုမသွားချင်​ဘူး .. မင်း​ဘေးမှာအခက်​အခဲ​တွေကိုရင်​ဆိုင်​ဖို့အတွက်​ ခွန်အား​ပေးတဲ့တွဲလက်​အဖြစ်​ရှိ​နေ​ပေးချင်​တယ်​ "

"ah "

"JongInnie အဆင်​​ပြေလား .. နာသွားမှာဘဲ "

SeHun ​ပြောတဲ့စကား​တွေကို​တွေး​နေရင်းလမ်း​လျှောက်​လာတာမို့ အ​ရှေ့မှာရှိတဲ့ ​ကျောက်​ခဲအချို့နှင့်​တိုက်​မိ​လေသည်​။ Shoe မဟုတ်​ဘဲ ​Slipperသာစီးလာခဲ့တာမို့ ​ခြေ​ချောင်းအချို့​သွေးစို့သွားသည်​။

"ခဏ .. JongIn .. ခဏ​လေးဘဲ​  .. ငါ​ဆေး​ပေးခန်းက​ဆေး​ပြေး​ယူလိုက်​မယ်​ .. ​ရော့ .. ဒီလက်​ကိုင်​ပုဝါ​လေးနဲ့​သွေး​တွေဖိထား​ .. ငါမြန်​မြန်​ပြန်​လာခဲ့မယ်​ "

SeHun က ကျွန်​​တော့်​​ခြေ​ချောင်းက​သွေး​တွေကိုသူ့​ဘောင်းဘီအိတ်​ထဲကလက်​ကိုင်​ပုဝါနဲ့သုတ်​​ပေးပြီး ကျွန်​​တော့်​လက်​ထဲထိုလက်​ကိုင်​ပုဝါထည့်​​ပေးကာ ​ဆေး​ပေးခန်းရှိတဲ့ဘက်​ကို​ပြေးထွက်​သွား​လေပြီ။

တွေ့​တွေ့ချင်း​နေ့ကလုံးဝအမြင်​မကြည်​ခဲ့​ပေမယ့်​ KyungSoo ​​ကျောင်းလာတဲ့​နေ့ကြ​တော့ ​နေရာ​ပြောင်း​ပေးတဲ့အပြင်​ KyungSoo ရှိရင်​ကျွန်​​တော်​နဲ့စကားပင်​လာမ​ပြော​တော့ဘဲ​ ​အေး​အေး​ဆေး​ဆေး ​နေ​ပေးတာမို့ အနည်းငယ်​​တော့ အမြင်​ကြည်​​နေပါပြီ​လေ။ဒါ​ပေမယ့်​ ကျွန်​​တော့်​ကို "nini"လို့​ခေါ်ရင်​​တော့သူ့ကိုအမြင်​မကြည်​​တော့ပါ။KyungSoo နဲ့က​တော့ မ​​ခေါ်မ​ပြောကြ​ပေ။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now