[Zawgyi]
"စာတွေပိုင်နေပြီပေါ့ "
တပ်ထားဆဲနားကြပ်တွေကိုအသာဖြုတ်ပြီးကျွန်တော့်ကိုလာမေးတဲ့ YiFan။
"မဟုတ်ပါဘူးကွာ .. ခဏခေါင်းဆေးတာ "
မနက်ဖြန်ဆိုအထက်တန်းပထမနှစ် ဒုတိယနှစ်ဝက်ဖြေရတော့မှာပင်။သီချင်းကိုပိတ်ကာ ဖုန်းကိုလွယ်အိတ်ထဲထိုးထည့်လိုက်သည်။
"ငါ့ကိုဒီအပုဒ်လေးရှင်းပြပေးဦး .. သိပ်နားမလည်လို့ "
YiFan ကသူ့သချာင်္စာအုပ်ကိုကျွန်တော့်ကိုထိုးပေးကာပြောနေတာမို့ ဆွဲယူလိုက်ရင်း သူ့ဘက်လှည့်လိုက်သည်။ပထမနှစ်ဝက်အဆင့်တွေအရ Wu YiFan ကလည်းခေသူမဟုတ်။ပထမနှစ်ကျောင်းသားတွေထဲမှာသူကတတိယချိတ်သည်။ပထမကတော့ နောက်ထပ်ကျောင်းသားသစ် Kim JunMyeon မို့ကျောင်းသားဟောင်းတွေအနည်းငယ်တော့အဆူခံလိုက်ရသည်။
"YiFan ah .. မင်းငါ့ကိုလာနောက်နေတာလား .. ငါသချာင်္မကျွမ်းတာသိရက်နဲ့ "
"နောက်နေတာမဟုတ်ဘူးရော် .. ငါအဲ့ချိန်တုန်းကအတည် ငိုက်နေတာ "
မျက်လုံးပြူးကာအသည်းအသန်ရှင်းပြနေတာမို့ ရယ်လိုက်မိသည်။ဒီနှစ်အတွင်းမှာ YiFan နဲ့တော်တော်ခင်နေပြီ။ကျွန်တော်ရယ်တော့ YiFan ကလည်းသားဖုံးတွေပေါ်သည်အထိလိုက်ရယ်နေလေသည်။
"ဟုတ်ပါပြီ .. ဒါက "
ခုံကို YiFan ဘက်နည်းနည်းတိုးလိုက်ပြီးစာအုပ်ကိုကြည့်ကာအနည်းငယ်ရှင်းပြလိုက်သည်။သချာင်္စိတ်မဝင်စားပေမယ့် doctor လိုင်းဝင်ဖို့ဆိုအကုန်အမှတ်ပြည့်မှရမည်။သချာင်္ညံ့လို့အမှတ်နည်းသွားရင်လည်းအဆင်ပြေမည်မဟုတ်။
"ကျေးဇူး JongIn .. ဒါနဲ့ ကျောင်းပိတ်ရက်ရောက်ရင်ငါတို့လျှောက်လည်ရအောင် မင်းသူငယ်ချင်းတွေလည်းခေါ်ခဲ့လေ .. ငါ့babeလေးလည်းခေါ်ခဲ့မယ် "
"ok .. စာမေးပွဲတောင်မဖြေရသေးဘူး ကြိုစဉ်းစားထားတယ် "
VOCÊ ESTÁ LENDO
ပေးဆပ်ခြင်းသည်သာ ..(ပေးဆပ်ခြင်းသည်သာ )
Diversos[Zawgyi] လူတွေကတော့ အချစ်ကိုပုံစံနှစ်မျိုးနဲ့အဓိပ္ပာယ်ဖွင့်ကြတယ်။ ပေးဆပ်ခြင်းနဲ့ရယူခြင်းတဲ့။ ကိုယ်ကတော့ ဘယ်လိုနည်းနဲ့ဘဲချစ်ချစ် အဓိကကျတဲ့အချက်က ကိုယ့်ရဲ့အချစ်ကစစ်မှန်ဖို့ဘဲလိုအပ်တယ်လို့ထင်တယ်။ တစ်သက်လုံးဖွင့်မပြောဘဲမျို...