16.

598 61 2
                                    

[Zawgyi]

One Year Later,

JongIn ပြာအိုး​ထားတဲ့အခန်း​ဘောင်​​လေး​ရှေ့ရပ်​ရင်း အတိတ်​​တွေဆီကို​တွေး​တော​နေမိသည်​။အခန်း​ဘောင်​​လေးအတွင်းရှိ ဓာတ်​ပုံ​လေးက​တော့ မျက်​လုံးများပိတ်​ကျသည်​အထိရယ်​​မောလို့။

"ဘဝသစ်​မှာအဆင်​​ပြေ​နေရဲ့လားဟင်​ "

အချိန်​​တွေကြာသွားသည့်​တိုင်​မ​မေ့​ပျောက်​နိုင်​​သေးပါ။သူ သတိရ​နေတုန်းပင်​။JongIn မှန်​​ဘောင်​​လေးကိုသာလက်​နဲ့တို့ထိရင်း အသည်းအသန်​ငို​ကြွေးမိပါ​တော့သည်​။

🌸💮🌸💮🌸💮🌸

ချယ်​ရီပန်း​တွေအပြိုင်​​ကြွေ​နေတဲ့လမ်းကိုကျွန်​​တော်​​ရောက်​​နေပြန်​သည်​။ဒီတစ်​ခါ​တော့ လက်​ချင်းတွဲ​လျှောက်​မယ့်​ချစ်​သူ မပါခဲ့။အတူတူ​လက်​တွဲမ​လျှောက်​ဖြစ်​​ပေမယ့်​တိုက်​ခန်းဆီမှာ​စောင့်​​နေတာမို့ လက်​ထဲမှမုန့့်ထုပ်​​လေးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ရင်း တိုက်​ခန်းဆီကိုသာအမြန်​​ရောက်​​အောင်​ပြန်​မိသည်​။

ကျွန်​​တော့်​အတွက်​အခက်​ခဲဆုံးအချိန်​​တွေဖြတ်​​ကျော်​ခဲ့ပြီး​နောက်​ အခုကျွန်​​တော်​ ​ဆေး​ကျောင်း ပထမနှစ်​ပြီး​တော့မည်​။ကိုကြီးကလည်း စီးပွား​ရေးမှာ ​ရှေ့ဆုံးက​နေဦး​ဆောင်​​နေ​လေပြီ။မကြာခင်​လပိုင်းအတွင်း Choi Group က အစ်​ကိုမင်​ဟိုနှင့်​လက်​​ထပ်​​တော့မည်​ဖြစ်​သည်​။ငယ်​ကလည်း မူလတန်းတက်​​နေပြီး အတန်းတိုင်းမှာထိတ်​ဆုံးကရပ်​​နေတာမို့ ဆု​ပေးပွဲ​တွေတက်​ရတိုင်း ကိုကြီးနဲ့ကျွန်​​တော့်​မှာဂုဏ်​ယူလို့မဆုံး။

အ​တော်​အတန်​ကျယ်​တဲ့တိုက်​ခန်းအ​ကောင်းစား​ရှေ့ ရပ်​လိုက်​ပြီး Bellိုနှိပ်​လိုက်​​တော့ ဘယ်​အချိန်​ကတည်း​က​စောင့်​​နေမှန်းမသိတဲ့ ​ကောင်​​လေးက တံခါးကိုလာဖွင့်​​လေသည်​။ပြီးမှရင်​ခွင်​ထဲတိုးဝင်​လာ​လေသည်​။

"လွမ်း​နေတာာာ .. NiNi ahhh "

"NiNi ကလည်းလွမ်း​နေတာ "

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now