12.

571 64 7
                                    

[Zawgyi]

"JongIn .. ဒီ​နေ့စာသင်​ရတာစိတ်​မပါဘူးလား "

ထမင်းစားဆင်းချိန်​ပြတင်း​ပေါက်​ဆီကို​ငေးကြည့်​​နေမိရင်း KyungSoo က​မေးလာသည်​မို့ အကြည့်​​လွှဲရင်း​​ခေါင်းခါပြလိုက်​သည်​။

"ဟင့်အင်း .. စိတ်​ပါ ပါတယ်​ "

"ဟုတ်​လို့လား Jongin ရာ .. ငါမင်းကိုကြည့်​​နေတာ ​ငေးချည်း​နေတာဘဲ "

"အင်း .. ခဏ​လေး​ငေးမိတာပါ Kyungie ရာ "

"Yah .. KyungSoo ah ရစ်​ချင်​ရင်​လည်း ထမင်းစားပြီးမှရစ်​ ok ? .. ငါတို့ဗိုက်ဆာပြီကွာ "

Baekhyun နဲ့ Jun ကအခန်းအပြင်​မှာရပ်​​​စောင့်​​နေပြီး Chanyeol ကမျက်​နှာကြီးရှုံ့မဲ့ပြပြီး ​ဘေးနားလာရပ်​ကာ​ပြော​လေသည်​။

"ငါဘယ်​မှာရစ်​လို့လဲဟ .. ငါက​မေးကြည့်​​နေတာပါ "

"ဟုတ်​ပါပြီ .. Kyungie ရယ်​ ကိုယ်​ည​နေတခင်းလုံးစာထဲ​သေချာအာရုံစိုက်​ပါ့မယ်​ .. ခုထမင်းသွားစားကြမယ်​ "

KyungSoo လက်​ကိုတွဲကာ​ဆွဲ​ခေါ်ခဲ့ရင်းအတန်းထဲကထွက်​လာခဲ့သည်​။YiFan နဲ့ SeHun ၃ရက်​ကြာပြီးတဲ့အထိ​ကျောင်းမလာ​သေးပါ။ပထမတစ်​ရက်​က စာသွားလုပ်​ဖြစ်​​ပေမယ့်​ ​နောက်​ရက်​မသွားဖြစ်​​တော့။ထို​နေ့က ကျူးလွန်​ခဲ့မိ​သော အပြစ်​တို့ကိုတစ်​စုံတစ်​​ယောက်​သိသွားမည်​ကိုအရမ်း​ကြောက်​သည်​။နောက်​ပြီး သူ့မျက်​နှာကို​တွေ့လိုက်​ရင်​ ပိုနာကျင်​ရမှာမို့ မသွားဖြစ်​ခဲ့။

🌼🌼

"JongIn .. ​ကျေးဇူးပါကွာ .. မင်းအလုပ်​ရှုပ်​သွားလားမသိ"

"ရပါတယ်​ကွာ .. အလကားလာတာမှမဟုတ်​တာ .. စာလာလုပ်​တာဘဲကို "

"​အေးပါကွာ "

YiFan ကိုကျွန်​​တော်​လာမည့်​အ​ကြောင်းဖုန်းဆက်​​ပြော​တော့ ​ဆေးရုံအပြင်​ဘက်​ထိထွက်​​စောင့်​​​​နေ​ပေးသည်​။စာအ​ကြောင်း​ပြောရင်း​လျှောက်​လာလိုက်​တာ SeHun ရဲ့​အခန်း​ရှေ့​တောင်​​ရောက်​လာ​လေပြီ။စိတ်​ထဲမှာတစ်​မျိုးဖြစ်​​နေတာမို့ YiFan ​နောက်​က​နေတိတ်​တဆိတ်​လိုက်​သွားမိသည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Hikayelerin yaşadığı yer. Şimdi keşfedin