10.

696 67 12
                                    

[Zawgyi]

"အဲ့တာဆို အ​ဖေက Arnyi ဦး​လေး Kim ​ပြောချင်​တာက အဘွားထားခဲ့အ​မွေကမတရားတာမို့ ကျွန်​​တော့်​တို့ထဲက​နေလိုချင်​တယ်​ဆိုတဲ့သ​ဘောလား "

"အင်း .. ငါ​ပြောချင်​တာ အဲ့လိုသ​ဘောဘဲ "

ကိုကြီးရဲ့ခနဲ့​သံနှင့်​​မေးခွန်းအဆုံးမှာ Appa ကတည့်​တိုးကြီး​ဖြေချလိုက်​ပြီး​နောက်​ ဧည့်​ခန်းအတွင်းလူတစ်​​ယောက်​မှရှိမ​နေသလိုတိတ်​ဆိတ်​သွားသည်​။ကျွန်​​တော်​လည်းအ​တော်​ပင်​အံ့သြသွားရသည်​။ကိုကြီးကို company အလုပ်​​တွေကူလုပ်​​ပေး​နေတုန်း အိမ်​​တော်​ထိန်းလာ​ခေါ်တာ​ကြောင့်​ ​EunHee ​လေးအိပ်​​နေတာကို​တောင်​နှိုးပြီး​မောင်​နှမသုံး​ယောက်​ဆင်းလာခဲ့ကြတာ။

Appa ကို​တွေ့​တော့ ပထမဆုံး​ပြောတဲ့စကားက အ​မွေ​ပေးတာမတရားတာမို့ သူအ​မွေတစ်​ဝက်​လိုချင်​သည်​တဲ့။

"ဟို .. သူ​ဌေးကြီး.. ဒါက အဲ့လိုလုပ်လို့မရပါဘူးခင်​ဗျ .. သခင်​မကြီးက က​လေးသုံး​ယောက်​အတွက်​လို့ဘဲ ​သေတမ်းစာထဲမှာ​သေချာ​ရေး​ပေးသွား .. "

"ပါးစပ်​​လေးပိတ်​ထား​ပေးလို့ရမလား အိမ်​​တော်​ထိန်း !!!  "

"Nae "

အိမ်​​တော်​ထိန်းစကားကိုဖြတ်​​​ပြောလိုက်​တာမို့ ​အိမ်​တော်​ထိန်းက​ခေါင်းငြိမ့်​အသံတိတ်​သွားသည်​နှင့်​အတူကျွန်​​တော်​​ဘေးမှာကပ်​ထိုင်​​နေတဲ့ EunHee ​လေးကကျွန်​​တော့်​လက်​ကိုလာဆုပ်​ကိုင်​ထား​လေသည်​။

ငယ်​ငယ်​ကတည်းကဖခင်​​မေတ္တာကို​သေချာမခံစားဖူးတဲ့က​လေးမို့ အခုလိုပြန်​​တွေ့​တော့ငယ်​စိတ်​လှုပ်​ရှား​နေသည်​မှာ ကျွန်​​တော်​တို့ပင်​ခံစားလို့ရသည်​အထိ။အခု​တော့​ကြောက်​​နေရှာ​လေပြီ။

ကိုကြီးက​တော့ပြတ်​သားသည်​။ကျွန်​​တော်​တို့အိမ်​​ပေါ်ကမဆင်းခင်​ကတည်းက ​ဖေ​ဖေ့ကိုမုန်းတီး​နေခဲ့တာမို့ အကြည့်​​တွေကအစ​အေးစက်​​နေသည်​။ကျွန်​​တော်​ကကိုကြီးကိုလှမ်းကြည့်​​နေတုန်းကိုကြီးက​ဖေ​ဖေ့ကိုကြည့်​ကာမဲ့ပြုံးတစ်​ချက်​ပြုံးလိုက်​​လေသည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now