7.

677 67 6
                                    

[Zawgyi]

"အစ်​ကိုလတ်​ ..ေ​ပး​ပေး အ​ဒေါ့်ကို​ပေး "

ကား​ပေါ်ကဆင်းပြီး အဝတ်​ထုတ်​အချို့ကိုဆွဲလာရင်း ကြီးကျယ်​လွန်းတဲ့အိမ်​​ရှေ့​ရောက်​လာ​တော့ ငယ်​ငယ်​ကတည်းကခုထိသစ္စာရှိစွာအလုပ်​လုပ်​​နေကြတဲ့ အန်​တီကြီး​တွေက​ထွက်​​ကြိုကြသည်​။မသိတဲ့သူဆိုလို့ ​ကောင်​မ​လေးအချို့သာရှိသည်​။ကျန်​တဲ့သူ​တွေအကုန်​လုံး အရင်​အိမ်​​ပေါ်ကမဆင်းခင်​ကတည်းက လူရင်း​တွေချည်းဖြစ်​သည်​။

"​ခြေ​ထောက်​ကဘယ်လိုဖြစ်​တာလဲကွယ်​"

ပတ်​တီးအ​ဖွေးသားဖြင့်​​ထော့နဲ့နဲ့ဖြစ်​​နေ​သော​ခြေ​ထောက်​ကိုကြည့်​ကာ​ပြောသည်​။လွန်​ခဲ့​သော ၃ရက်​ခန့်​ကကိစ္စ​တို့ကိုပြန်​​တွေးမိသွားတာမို့ အ​တွေးတို့ကိုအမြန်​​မောင်းထုတ်​လိုက်​ရသည်​။

"​ချော်​လဲလို့ပါ .. ဘာမှမဖြစ်​ပါဘူးဗျ .. အဆင်​​ပြေပါတယ်​"

အဆင်​​ပြေတယ်​ဟုသာ​ပြောလိုက်​ရသည်​။ဒုတိယထပ်​၌ရှိ​သောအိပ်​ခန်းဆီတက်​မည်​ပြင်​​တော့အဆင်​​မ​ပြေ​ပေ။

"ကိုလတ်​ .. ငါတွဲ​​ပေးမယ်​​လေ "

ကိုကြီးကသူ့အထုတ်​​တွေကို ​​နောက်​မှာလိုက်​လာ​သော ​ကောင်​မ​လေးတစ်ချို့ဆီ​ပေးလိုက်​သည်​။EunHee ​လေးက​တော့ အိမ်​​တော်​ထိန်းလက်​ကို​တွဲထားလျက်​​အ​နောက်​က​နေ ကျွန်​​တော်​တို့ကိုလှမ်းကြည့်​​နေသည်​။

"ဟုတ်​ ..  ကိုကြီး "

ဖြစ်​ကာစ​နေ့ကအရမ်းမနာ​သေး။၃ရက်​​လောက်​ကြာမှပိုဆိုး​နေတာမို့ ကိုကြီးရဲ့အကူအညီကိုယူလိုက်​ရသည်​။အ​ပေါ်ထပ်​​ရောက်​​တော့ အိပ်​ခန်းကတစ်​​ယောက်​တစ်​ခန်းစီ စီစဉ်​ထားသည်​။EunHee အခန်းကကျွန်​​တော်​နှင့်​ ကိုကြီးအခန်းရဲ့အလယ်​မှာရှိသည်​။မြို့စွန်​နားမှာရှိတဲ့ဆင်းရဲသားရပ်​ကွက်​က​နေ မြို့အလယ်မှာရှိတဲ့လူချမ်းသာ​တွေသာ​နေတဲ့ ရပ်​ကွက်​ဆီကို​ပြောင်းလာကြတာမို့ ခရီးပန်း​နေကြသည်​။EunHee ​လေးပစ္စည်း​တွေချ​နေတုန်း ​​ချော့သိပ်​လိုက်​​တော့ အမြန်​ပင်​အိပ်​​ပျော်​သွား​လေသည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Onde histórias criam vida. Descubra agora