8.

614 71 0
                                    

[Zawgyi]

"JongIn !! .. ဒီမှာ "

Chanyeol ကအတန်းထဲဝင်​ဝင်​ချင်းလက်​လှမ်းပြ​နေတာမို့ ​ခေါင်းငြိမ့်​ရင်း Chanyeol တို့ထိုင်​​နေတဲ့နားဆီ​လျှောက်​သွားလိုက်​သည်​။

"မင်း​နေရာက ဒီမှာ .. မင်း​ဘေးမှာ KyungSoo ထိုင်​လိမ့်​မယ်​ "

"အင်း "

ကျွန်​​တော်​ Chanyeol ​ပြောတဲ့​နေရာမှာဝင်​ထိုင်​ရင်းလွယ်​အိတ်​ကို ခုံ​ပေါ်တင်​ကာ တင်​ထားတဲ့လွတ်​အိတ်​​ပေါ်​ခေါင်း​မှောက်​ချလိုက်​သည်​။အထက်​တန်းပထမနှစ်​ စဖွင့်​ရက်​မို့ မ​နေ့ညကလည်းအိပ်​မ​ပျော်​။မနက်​​ရောက်​​တော့လည်းထရတာစိတ်​မကြည်​ပါ။

"ဘာဖြစ်​လို့လဲ JongIn .. ​ခေါင်းမူး​နေတာလား "

"အင်း .. နည်းနည်း .. ငါတစ်​​ယောက်​တည်း​နေလို့ရမလား "

"ဟုတ်​ပါပြီ .. ငါ Baekhyun ကို​သွား​စောင့်​လိုက်​ဦးမယ်​ "

Chanyeol ကကျွန်​​တော်​​ခေါင်းကိုဖွဖွသပ်​ရင်း ထွက်​သွားသည်​ထင်​။အတန်းထဲမှာတိတ်​ဆိတ်​လို့​​နေသည်​။တခြားသူ​တွေကိုအလာတုန်းကမြင်​​မိ​ပေမယ့်​ အခုအတန်းထဲမရှိကြဘူးထင်​သည်​။

"Jonginie "

အသံတိုးတိုးနှင့်​အတူ ​ခေါင်းကိုလာသပ်​​ပေး​နေ​တော့ ဘယ်​သူမှန်းတန်းသိလိုက်​သည်​။

"​နေ​ကောင်းရဲ့လားဟင်​.. ​မော့ပါဦး "

ကျွန်​​တော်​​မော့ကြည့်​လိုက်​​တော့ထင်​သည့်​အတိုင်း KyungSoo ပင်​။

"ဒီ​နေ့​ကျောင်းမလာဘူးဆို Kyungie"

"အင်း .. အစက​တော့မလာဘဲ​နေမလို့ ဒါ​ပေမယ့်​ ဟို၂​ယောက်​နဲ့ဆို  Inie ပျင်း​နေမှာစိုးလို့လာတာ .. ဖျား​နေတာလား "

KyungSoo က​မေးခွန်းထုတ်​ပြီးကျွန်​​တော့်​နဖူးဆီလက်​လှမ်းလာတာမို့ နဖူးဆီမ​ရောက်​ခင်ဖမ်း​ဆွဲထားလိုက်​သည်​။KyungSoo လက်​တစ်​ဖက်​ကိုကျွန်​​တော်​လက်​နှစ်​နဲ့အုပ်​ကိုင်​ထားလိုက်​သည်​။

"မဖျားပါဘူး .. နည်းနည်းစိတ်​မကြည်​​နေလို့ "

"အိပ်​​ရေးပျက်​တာမလား .. ဂရုစိုက်​စမ်းပါ JongIn ရာ "

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now