6.

645 68 2
                                    

[Zawgyi]

"Yah !! Kim JongIn ! စက်​ဘီး​တွေဘာ​တွေနဲ့ပါလား "

ကျွန်​​တော်​​ကျောင်းဝင်းထဲစက်​ဘီးရပ်​​နေတာကိုမြင်​သွားတဲ့ Chanyeol က​အော်​​ပြောရင်းအနားကို​ပြေးလာသည်​။

"ဝိုးး .. ​မိုက်​တယ်​ .. ​နောက်​ဆုံး​ပေါ်နီးနီးဘဲ .. မင်းဦး​လေးကြီးက Bonus များ​ပေးလိုက်​တာလား .. Bonus ​ပေးရင်​​တောင်​ဝယ်​နိုင်​မှာမဟုတ်​ဘူး "

Chanyeol ကအရမ်းအံ့သြဟန်​ဖြင့်​​မေး​နေသည်​။ကျွန်​​တော်​ကိုယ်​တိုင်​လည်း ယခုအ​ခြေအ​နေကိုမယုံကြည်​သလိုခံစားရသည်​။မ​နေ့တစ်​​နေ့ကထိ လမ်းဘဲ​လျှောက်​​နေရတဲ့အ​ခြေအ​နေက​နေ ခု​တော့​စက်​ဘီးအ​ကောင်းစား​လေးနဲ့​ကျောင်းလာ​နေရတယ်​​လေ။

"အင်း .. ကိစ္စရှိလို့ပါ .. Baekhyunne လာမှမင်းတို့ကို​ပြောပြဦးမယ်​ "

"အင်းပါ .. လာသွားစို့ "

Chanyeol ကကျွန်​​တော့်​ပုခုံဖက်​ပြီး အတန်းထဲသွားဖို့​ပြောတာ​ကြောင့်​ စက်​ဘီးကိုအမြန်​​သော့ခတ်​ပြီးလိုက်​ရသည်​။

"ငါမင်းကို​မေးစရာရှိ​သေးတယ်​ .. မင်းနဲ့ ဟိုသူ​ဌေးသားနှစ်​​ယောက်​နဲ့ဘယ်​လိုပတ်​သတ်​​နေတာလဲ "

"သူငယ်​ချင်းပါ .. မင်းတို့လိုအရမ်းခင်​ရတဲ့သူ​​တွေ​တော့မဟုတ်​​ပေမယ့်​ ရိုးရိုးသူငယ်​ချင်း​တွေပါ ဘာလို့လဲ "

ကျွန်​​တော့်​​အ​ဖြေကို​​ခေါင်းတဆက်​ဆက်ငြိမ့်​ကာ​နား​ထောင်​​နေသူကို​မေးခွန်းထုတ်​လိုက်​​တော့ Chanyeol ကပြုံးသည်​။ဘာ​ကြောင့်​ပြုံးလဲ​တော့မသိ။

"ဘာမှမဟုတ်​ဘူး .. ဒီတိုင်း​မေးကြည့်​တာ ..  Baekhyun ​ရောက်​​နေပြီထင်​တယ်​ "

အခန်းနား​ရောက်​​တော့ကျွန်​​တော့်​ထပ်​အရင်​​ပြေးဝင်​သွား​လေတယ်​။Chanyeol ဟာ​လေ Baekhyun ဆိုအသည်းအသန်​ပါဘဲ။ဟိုကတစ်​ခွန်းဆိုတစ်​ခွန်းအမြဲနား​ထောင်​သည်​။အိမ်​ချင်းကပ်​ရပ်​​နေကာ လည်​ပင်းဖက်​​ပေါင်းလာသူ​တွေမို့ထင်​သည်​။ထိုင်​ခုံတွင်​ဝင်​ထိုင်​ကာ လွယ်​အိတ်​ကိုချလိုက်​သည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now