19.

658 59 4
                                    

[Zawgyi]

"ကိုလတ်ကလည်းးး .. မသွားလို့မရဘူးလား "

သွားဖို့ရက်က တစ်ပတ်မျှသာလိုတော့သည်။ငယ်ကတော့ ကျွန်တော်သွားမယ်ဆိုတာကိုစသိတဲ့ အချိန်ကတည်းက ကျောင်းဆင်းချိန်၊ကျောင်းပိတ်ရက်တိုင်းအနားမှာကပ်ကာဂျီကျနေတတ်သည်။ကျွန်တော်ငယ့်ရဲ့ ဆံပင်နုနုလေးတွေကိုတစ်ချက်ဖွာလိုက်ရင်း ခေါင်းလေးကိုပုတ်လိုက်သည်။

"ကိုလတ်က အကြာကြီးမသွားပါဘူးကွာ ခဏဘဲ .. ငယ်ကဒီမှကျန်နေခဲ့ပြီး ကိုကြီးကိုကူညီပေးနေနော် ငယ် စာလည်းကြိုးစား "

ငယ့်ကိုပြောတော့ ငယ်ကငိုသည်။မေမေဆုံးပြီးနောက် မြင်ရခဲလှသော ငယ့်မျက်ရည်။ကျွန်တော်ပါးပြင်မို့မို့တို့က မျက်ရည်စက်တို့ကိုပွတ်သုတ်ပေးလိုက်ပြီး ငယ့်ကိုရင်ခွင်ထဲထည့်ဖက်လိုက်သည်။အသက်၁၀နှစ်အရွယ်ရဲခန္ဓာကိုယ်အရွယ်အစားက ကျွန်တော့်ရင်ခွင်တစ်ခုလုံးထဲထည့်ဖက်ဖို့လုံလောက်နေခဲ့သည်။ငယ့်ကိုဖက်ထားရင်း ပါးပြင်ဆီမှမျက်ရည်တို့ကလည်းအကြောင်းအရင်းမဲ့ကျလာလေသည်။

လွန်လေခဲ့သော ရက်၂၀ကျော်အတွင်း ကျောင်းနှင့်အိမ် သာလည်ပတ်နေခဲ့တာမို့ ငယ့်ကိုတောင်အရမ်းဂရုမစိုက်မိ။မနက်မိုးလင်းကတည်းကကျောင်းသွားပြီး ညသန်းခေါင်လောက်မှ စာကြည့်လို့ပြီးတတ်သည်။အမှန်ကတမင်ကိုယ့်ကိုကိုယ်ဖိအားပေးနေတာပါ။ဒီလိုမအားလပ်အောင် ခန္ဓာကိုယ်နဲ့စိတ်ကိုခိုင်းထားမှ တစ်စုံတစ်ယောက်ကိုသတိမရမှာ။တစ်စုံတစ်ယောက်ရဲ့အကြောင်းကိုမတွေးမိမှာ။ပြီးတော့ ကျွန်တော့်ကိုအရူးလုပ်သွားတဲ့သူနှစ်ယောက်ကိုဒီထက်ပိုပြီးစိတ်မနာမိမှာ။

"ကိုလတ် "

ငယ့်ရဲ့ခေါ်သံကြောင့်အတွေးတို့ကအဝေးကိုလွင့်ပြယ်သွားရသည်။ပါးပြင်ပေါ်ကမျက်ရည်တို့ကိုပွတ်သုတ်ပြီး ငယ့်ကိုရင်ခွင်ထဲကထုတ်လိုက်သည်။

"ဟင် "

"ငယ် ဗိုက်ဆာပြီ "

"ဟား .. ငယ်ရာ .. ကျောင်းပြန်လာချိန်ကတည်းကဘာမှမစားရသေးဘူးလား "

"မစားရသေးဘူး .. အဲ့ချိန်တုန်းကငယ်မှဗိုက်မဆာတာ "

"ဟုတ်ပါပြီ .. ခု ကိုလတ်နဲ့ မုန့်သွားစားကြမယ် "

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now