15.

652 62 14
                                    

[Zawgyi]

SeHun လက်​ထဲက Passport စာအုပ်​​လေးကိုကျစ်​ကျစ်​ပါ​အောင်​ဆုပ်​ကိုင်​ထားမိသည်​။အချိန်​ကား တနင်္ဂ​နွေ​နေ့ ​နေ့လည်​၁၂​နာရီ ၄၀မိနစ်​။

"Hun .. အစ်​ကိုတို့ သွားကြရ​အောင်​ "

အစ်​ကို YiFan ကလာ​ခေါ်​နေ​ပေမယ့်​ ကျွန်​​တော်​ ​ဆေးရုံကုတင်​​ပေါ်က​နေမ​ရွေ့မိ​သေး။JongIn ကျွန်​​တော့်​ကို​ရွေးချယ်​​မယ်​လို့ အစ်​ကိုတို့ကယုံကြည်​ထား​ပေမယ့်​ ကျွန်​​တော်​ကမယုံနိုင်​တာမို့ လိုရမယ်​ရ လက်​မှတ်​တစ်​​စောင်​ပိုဖြတ်​ထားမိတာ။အခု​တော့ထိုလက်​မှတ်​ကအသုံးဝင်​ခဲ့​လေပြီ။

"Hun .. "

အစ်​ကို့ရဲ့​ဆွေး​ဆွေး​မြေ့​မြေ့​ခေါ်သံအဆုံးကျွန်​​တော်​အစ်​ကို့ကို​မော့ကြည့်​မိသည်​။ကျွန်​​တော့်​လက်​ကိုဆွဲကိုင်​ကာ ကျွန်​​တော့်​​ဘေးဝင်​ထိုင်​သည်​။ခေါင်းငုံ့မိ​တော့လက်​ပတ်​နာရီ​လေးဝတ်​ထား​သောကျွန်​​တော့်​လက်​​​ကောက်​ဝတ်​မှာ ဓားရာတို့ကအမာရွတ်​အဖြစ်​ထင်​ကျန်​​နေဆဲပင်​။

"အစ်​ကိုတို့​လေယာဉ်​ချိန်​​နောက်​ကျ​တော့မယ်​ .. ခု သွားကြရ​အောင်​​နော်​ .. JongIn က Hun ကိုမ​ရွေးချယ်​ခဲ့လည်းဘာဖြစ်​လဲ အစ်​ကိုတို့ရှိတာဘဲဟာ .. အစ်​ကို Hun ကိုအ​ကောင်းဆုံးကာကွယ်​သွားမယ်​​နော်​ "

အစ်​ကို့က က​လေးငယ်​တစ်​​ယောက်​ကို​ချော့သလိုမျိုးကျွန်​​တော့်​ကို​ချော့​ပြော​နေ​လေသည်​။ JongIn မပါတဲ့ကျွန်​​တော့်​ဘဝအသစ်​ကိုစတင်​ဖို့ ကျွန်​​တော်​အားတင်းကာ​ထရပ်​လိုက်​သည်​။Chanyeol နဲ့ Baekhyun ကပါ Beijing ကိုအလည်​လိုက်​မှာမို့ ကျွန်​​တော့်​တို့ကို​လေယာဉ်​ကွင်းမှာ​စောင့်​​နေ​လောက်​ပြီမို့ ​ဆေးရုံထဲက​နေစိတ်​မပါလည်းအမြန်​ထွက်​ရသည်​။

အထုတ်​​တွေကို baekhyun တို့နှင့်​ထည့်​​ပေးလိုက်​နှင့်​ပြီမို့ ကျွန်​​တော်​တို့က ​လေဆိပ်​ကိုကားငှားပြီးသွားရုံပင်​။

"Hun .. ခဏ​နော်​ .. အစ်​ကို ကားငှားလိုက်​ဦးမယ်​ .. လာ .. ​ဒီ​နေ​ရိပ်​​တဲ့​နေရာမှာရပ်​​နေ "

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now