5.

640 71 0
                                    


[Zawgyi]

"သား Jonginnie ​​ကျောင်းကပြန်​လာပြီလား "

"ဟုတ်​ကဲ့ .. အဘွား "

Kim အိမ်​​တော်​ကလာကြို​သော ကားအ​ကောင်းစားကြီး​ပေါ်​ပျော်​​ပျော်​ရွှင်​ရွှင်​ထိုင်​၍​ကျောင်းပြန်​ခဲ့စဉ်​က မူလတန်းစတုတ္ထနှစ်​။

"လာပါဦး ဘွားဆီ "

အိမ်​​တော်​ထိန်းဆီလွယ်​အိတ်​​လွှဲ​ပေးလိုက်​ပြီး ချည်​လုံးထိုး​နေ​သောဘွား​ဘေးမှာကပ်​ထိုင်​လိုက်​သည်​။အိကျ​သွား​သောခုံ​တွေကကျွန်​​တော်​နှင့်​အလွန်​ရင်းနှီးခဲ့ပါသည်​။

"ဘွား .. ​မြေး​လေး​နောက်​နှစ်​နှစ်​ပြီးရင်​ အလယ်​တန်း​ရောက်​​တော့မယ်​​နော်​ "

"ဟုတ်​ကဲ့ဘွားး "

အရာရာ​မေ့လွယ်​သည့်​ဘွားကကျွန်​​တော်​တို့​မောင်​နှမသုံး​ယောက်​၏​မွေး​နေ့ကအစအလွတ်​မှတ်​မိ​နေ၏။

"ဘွား​သေ သွားရင်​ .. ဒီ​အိမ်​​တော်​ကြီးကို ဘွား​မြေးသုံး​ယောက်​အတွက်​ထားခဲ့မှာသိလား ​မြေး​လေး"

"ဘွားကလည်းအဲ့လိုမ​ပြောပါနဲ့ .. ဘွားကသားတို့နဲ့တစ်​သက်​လုံးဒီမှာ​နေရမှာ​လေ "

ကျွန်​​တော်​ဘွားရင်​ခွင်​ထဲတိုးဝင်​​တော့ဘွားကချည်​လုံးကို​ဘေးချရင်းပြန်​ဖက်​လာ​သည်​။အသက်​၁၂နှစ်​ဆို​သောအရွယ်​ကအ​တော်​အတန်​​တော့နားလည်​​နေခဲ့ပြီ​လေ။

"လူ့ဘဝဆိုတာခဏတာဘဲ​မြေး .. ဘွားတို့ကဒီသံသရာစက်​ဝန်းကြီးမှာအမြဲလည်​ပတ်​​နေရမှာ .. လူတစ်​​ယောက်​ အသက်​ရှင်​ပြီးရင်​ ပြန်​လည်​​သေဆုံးရမှာ ဓမ္မတာဘဲ​မြေး .. ဘယ်​သူမှမလွန်​ဆန်​နိုင်​ဘူးး "

"ဘွားးး"

ကျွန်​​တော်​ဝမ်းနည်းစိတ်​ဖြစ်​လာတာမို့ ဘွားရင်​ခွင်​ထဲဝင်​ကာငိုမိသည်​။Kim အိမ်​​တော်​တစ်​အိမ်​လုံးမှာကျွန်​​တော်​တို့ကိုလိုလားသူကဘွားနှင့်​ အိမ်​​တော်​ထိန်းသာရှိသည်​။ဖေ​ဖေက​တော့ ​မလိုလားသည့်​ဟန်​မပြ​ပေမယ့်​ ​ကျွန်​​တော်​တို့နှင့်​မ​တွေ့သည်​မှာ ၃လ​လောက်​​တောင်​ရှိ​ရော့မည်​။မေ​မေကို​မေးတိုင်းေ​ဖ​ဖေခရီးသွား​နေသည်​ဘဲ​ဖြေသည်​။သို့​သော်​ ​​​မေ​မေကျွန်​​တော်​တို့နှင့်​အတူလာအိပ်​တိုင်း ​ဖေ​ဖေအခန်းထဲမှစကား​ပြောသံများကိုကြားရ​လေ့ရှိသည်​။သို့​သော်​​မေ​မေ့ကိုဘယ်​​တော့မှမ​မေးခဲ့ပါ။မေ​မေက​ဖေ​ဖေ့ကို​မေးတိုင်းငိုတတ်​သည်​မို့ ထိုကိစ္စကို​တော့မ​မေးဖြစ်​ခဲ့။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now