EXTRA 💗

1.2K 68 3
                                    

[Zawgyi]

SeHun ..
သူဒီချိန်ဆို ဘာများလုပ်နေမလဲ .. Seoul နဲ့အချိန်တစ်နာရီမျှသာကွာတာမို့ ဒီအချိန်ဆိုစီးပွားရေးလုပ်ငန်းရှင်ကြီး အိပ်ရာထဲကွေးနေမလား၊ရုံးသွားဖို့ပြင်ဆင်နေမလားလေ။

နှင်းတဖွဲဖွဲကျနေတဲ့ ရာသီကလည်း Seoul နဲ့အရမ်းမကွာတာမို့ အအေးဒဏ်ကိုထူးပြီးမခံစားရ။အနွေးထည်ပွပွကိုပိုသိပ်သည်းသွားအောင်လက်နှစ်ဖက်ကိုပိုက်လိုက်သည်။

အချမ်းဒဏ်နှင့်အတူ အလွမ်းဒဏ်ကိုပါခံစားနေရတာမိုသိပ်တော့မဆင်မပြေလှပါ။

"Kai .. စောင့်နေရတာကြာပြီလား .. အားနာလိုက်တာ Dad က ဘုရားဝတ်ပြုနေလို့ "

မနက်၆နာရီဟူသောအချိန်ကအရမ်းစောနေပေမယ့် ကျွန်တော့်စိတ်ထဲဘယ်လိုမှမနေ။ခြံတံခါးလာဖွင့်ပေးသော Honey ကအတည်အားနာနေပုံပေါက်တာမို့အဆင်ပြေပါတယ်လို့သာပြောရင်းရယ်ပြမိသည်။

မိုးပြာရောင်ဆေးသုတ်ထားတဲ့ နှစ်ထပ်တိုက်ထဲဝင်လိုက်တော့ချက်ချင်းနွေးထွေးသွားရသည်။ပစ္စည်းတွေကိုသပ်သပ်ရပ်ရပ်စီထားပြီး မီးဖိုကိုလည်းစနစ်တကျ မီးမွှေးထားသည်။

"သား .. မတွေ့တာကြာပြီ နေကောင်းတယ်မလား "

"ဟုတ်ကဲ့ .. ကောင်းတယ်ဗျ အန်တီလည်းနေကောင်းတယ်မလား "

"ကောင်းပါ့ရှင် .. မင်းဦးလေးကတော့ စာဖတ်ခန်းထဲမယ့် ဝင်သွားလိုက်တော့နော် .. ပြီးမှ အန်တီတို့နဲ့မနက်စာတူတူစားကြမယ်လေ "

"ဟုတ်ကဲ့ အန်တီ "

ပြုံးပြုံးရယ်ရယ်နှင့်ပြောနေသော Honey အမေ့ကို နောက်တွင်ချန်ထားခဲ့ကာ Honey လိုက်ပြသော စာဖတ်ခန်းထဲတိုးတိုးတိတ်တိတ်ဝင်သွားလိုက်တော့ Honey အဖေက စာရွက်အဖြူရယ် ခဲတံ၊ဘောပင် အစရှိတဲ့ Design ဆွဲရမှာလိုတဲ့ ပစ္စည်းတွေကိုစားပွဲခုံပေါ်တင်ပြီး သတင်းစာဖတ်နေလေသည်။

"သား .. စောသားဘဲကွ .. "

"ဟုတ် ... ကျွန်တော် အလျင်လိုနေလို့ "

"ဘယ်နေ့ ကိုရီးယားပြန်မှာမို့လို့လဲကွ "

"နောက် ၅လလောက် ကြာရင် "

🎉 You've finished reading ​ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ ) 🎉
ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now