4.

647 78 8
                                    

[Zawgyi]

ကျွန်​​တော်​မနက်​နိုး​တော့ EunHee​လေးပင်​မနိုး​သေး။အစ်​ကိုကြီးဆို အစ်​ကိုမင်​ဟို၏ရင်​ခွင်​ထဲတစ်ကိုယ်​လုံး​ရောက်​​နေသည်​​​လေ။

အရင်​ထကာ ကိုယ်​လက်​သန့်​စင်​မျက်​နှာသစ်​ပြီး ​မေ​မေ့ကိုကန်​​တော့လိုက်​သည်​။ဒီ​နေ့ေ​မ​မေ့ကို​မီးသဂြိုလ်​ရမည့်​​နေမို့အလုပ်​ရှုပ်​မည်​ထင်​။ဗိုက်​ဆာလာတာ​ကြောင့်​​ ​ခေါက်​ဆွဲဆိုင်​မှာဘဲမနက်​စာသွားစားလိုက်​သည်​။အိမ်​ကသူ​တွေအတွက်​ ပါဆယ်​ဆွဲလာခဲ့သည်​။

ကျွန်​​တော်​ပြန်​​ရောက်​​တော့အကုန်​နိုး​နေကြပြီဖြစ်​သည်​။EunHee ​လေးကိုမျက်​နှာအရင်​သစ်​​ပေးကာ ​ခေါက်​ဆွဲအရင်​​စား​စေလိုက်​သည်​။ကိုကြီးတို့မျက်​နှာသစ်​​နေတုန်း ဒီ​နေ့ဝတ်​မည့်​အဝတ်​​တွေကို​​သေချာထုတ်​လိုက်​ပြီး လဲဝတ်​လိုက်​သည်​။

အကြည်​အတိုင်းရှိ​နေ​သေးသည့်​ မှန်​​ရှေ့ရပ်​လိုက်​​တော့ကျွန်​​တော်​ရဲ့ခန့်​ညားမှုက​ပေါ်လာသည်​။သို့​သော်​ဒီအမည်း​ရောင်​အင်္ကျီနှင့်​​ဘောင်းဘီကိုဘာ​ကြောင့်​ဝတ်​ထားသည်ဟူ​သောအ​ကြောင်းပြချက်​က​ခေါင်းထဲဝင်​လာသည်​နှင့်​မျက်​ရည်​ကျလာသည်​။ကျွန်​​တော်​အဆင်​​ပြေတယ်​​ပြော​နေ​ပေမယ့်​ လုံးဝအဆင်​မ​ပြေပါ။ဖြစ်​နိုင်​ရင်​တစ်​​ယောက်​တည်း​နေကာငိုချင်​မိသည်​။သို့​သော်​ကျွန်​​တော်​ဟာခံနိုင်​ရည်​ရှိဟန်​​ ​ဆောင်​ရမည့်​လူမို့ငို၍မဖြစ်​ပါ။

"ကိုလတ်​... ​ခေါက်​ဆွဲနှစ်​ပွဲကျန်​တာငါတို့ဖို့လား "

"ဟုတ်​တယ်​ ကိုကြီး"

မျက်​ရည်​တို့ကိုဖိသုတ်​ကာ မှန်​မှအကြည့်​လွှဲရင်း​ပြောလိုက်​သည်​။

"​အေး .. ​​ကျေးဇူးဘဲ​နော်​ "

"ဟုတ်​ "

ကျွန်​​တော်​အ​ဖြေပြန်​​ပေးရင်း ပိုက်​ဆံတွက်​ဖို့ လွယ်​အိတ်​ထားရာနားထိုင်​ချလိုက်​သည်​။မေ​မေ့ရဲ့ပြာအိုးကို ​အခန်း​လေးနဲ့ထားချင်​တာမို့ ပိုက်​ဆံ​လေး​တော့ရှိမှဖြစ်​မည်​။ဘေးအိမ်​ကအန်​ဆီကြီးကအကုန်​လိုက်​လုပ်​​ပေး​နေသည်​မို့ ​​နေရာ​လေး​တော့ကိုယ့်​ဘာသာဝယ်​နိုင်​​အောင်​ကြိုးစားရမည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now