14.

557 69 4
                                    

[Zawgyi]

"Nae .. ကျွန်​​တော်​ဂရုစိုက်​လိုက်​ပါ့မယ်​ .. သွားလိုက်​ပါဦးမယ်​ "

ဆေးရုံအခန်းအတွင်းမှာရှိတဲ့ ဆရာ​ဝန်​ကြီးကို​ခေါင်းငုံ့အရိုအ​သေ​ပေးလိုက်​ပြီး အခန်းထဲက​နေထွက်​လာလိုက်​သည်​။

"ဘာဖြစ်​တာတဲ့လဲ အစ်​ကို​လေး "

"ဒီရက်​ပိုင်းစိတ်​ပင်​ပန်းတာများလို့တဲ့ .. ​ဆေး​ပေးလိုက်​တယ်​ .. ဘာမှမဖစ်​ဘူးရယ်​ .. ကိုကြီးနဲ့ ငယ့်​ကိုပြန်​​ပြောမ​နေနဲ့ဦး ဦး​လေး "

"Nae .. အစ်​ကို​လေး"

ဆရာဝန်​ကြီး​ပေးလို​က်​တဲ့​ဆေးကို အင်္ကျီအိတ်​ထောင်​ထဲထည့်​လိုက်​ပြီး ​အေး​အေး​ဆေး​ဆေးပင်​လမ်း​လျှောက်​လာလိုက်​သည်​။KyungSoo နဲ့​ဒီ​နေ့​ date ခဲ့တာအရမ်း​ပျော်​ဖို့​​ကောင်းခဲ့သည်​​လေ။Date ​နေရင်း KyungSoo ကထထ​ဖောက်​ကာ Baekhyun တို့ကိုသတိရ​ကြောင်းခဏခဏ​ပြော​သေးသည်​။

ဆေးရုံ ​ကောင်​တာမှာ​ငွေရှင်းဖို့ ရပ်​​နေလိုက်​​တော့​ဘေးကိုအသည်းအသန်​​ရောက်​လာကာ အခန်းနံပါတ်​​မေး​ပြီး​ပြေးထွက်​သွားသူ​ကြောင့်​ကျွန်​​တော်​ခဏ​တော့​ကြောင်​သွားသည်​။Baekhyun! Baekhyun မလား။နောက်​မှာ Chanyeol လည်းပါ​သေးသည်​။ကျွန်​​တော့်​ကိုနှစ်​​ယောက်​လုံးမြင်​ဟန်​မတူပါ။တစ်​ခုခုအသဲအသန်​ဖြစ်​​နေဟန်​တူသည်​။Baekhyun ပါးပြင်​​ပေါ်မှာမျက်​ရည်​စက်​တို့ကတွဲခိုလို့။

ကျွန်​​တော်​မသိစိတ်​က Baekhyun တို့​နောက်​ကိုလိုက်​သွားခိုင်း​နေသည်​မို့ ထိန်းချုပ်​ထား​သော်​လည်းသူငယ်​ချင်း​တွေဘဲ​လေဟူ​သောအ​ကြောင်းပြချက်​ဖြင့်​လိုက်​သွားလိုက်​သည်​။ဦး​လေးကို​တော့ကား​ရွေ့ခိုင်းထားလိုက်​သည်​။

Baekhyun တို့အ​လောတကြီးဝင်​သွားတဲ့အခန်းရဲ့​ရှေ့မှာ​ခြေစုံရပ်​ပြီး မှန်​​ပေါက်​​လေးက​နေတဆင့်​ကြည့်​လိုက်​သည်​။ဆေးရုံကုတင်​​ပေါ်မှာ လှဲ​နေ​တဲ့​ကောင်​​လေးကဖြူဖြူ​ဖျော့​ဖျော့။Oxygen ပိုက်​တပ်​ထားတာ​ကြောင့်​မျက်​နှာကို​သေချာမမြင်​ရ။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now