[Zawgyi]
"NiNi .. ထတော့ .. နေ့လည်ရောက်တော့မယ် "
နားထဲတိုးဝင်လာတဲ့ SeHun ခေါ်သံကကြားတစ်ချက်မကြားတစ်ချက်။ခေါင်းကအရမ်းကိုက်နေသည်မို့ အိပ်ရာကနေလည်းမထချင်။
"Nini .. အဆင်ပြေရဲ့လား .. Hunnie ..ဆရာဝန်ခေါ်ပေးရမလား "
"ရ .. ရတယ် Hunnie .. NiNi ထလာခဲ့မယ်နော် .. သွား .. TV ကြည့်နေနော် "
"ဟုတ်ကဲ့ .. Nini "
SeHun ကပြောပြီးအခန်းထဲကပြေးထွက်သွားလေသည်။ကျွန်တော်လည်းအိပ်ရာကနေကုန်းထလိုက်ပြီး အမြန်ရေချိုးခန်းဝင်ရသည်။
မနေ့က KyungSoo အိမ်ကနေပြေးထွက်လာပြီး Bar ရောက်သွားသည်။တစ်ယောက်တည်းဘယ်လိုလုပ် Hunnie ဆီရောက်လာသလဲပင်မမှတ်မိ။
KyungSoo ကျွန်တော့်ကိုလုပ်ရက်တာကိုကျွန်တော်အရမ်းခံစားရသည်။ကျွန်တော်မဖွင့်ပြောတောင် အနည်းနဲ့အများတော့ KyungSoo သိပါလိမ့်မည်။ကျွန်တော်ချစ်ရတဲ့ SeHun ထက် KyungSoo ကိုအရေးပေးခဲ့တာကို။သူတကယ်လိမ်ညာရက်သည်။မတည်နိုင်တဲ့ကတိတွေပေးမိတဲ့အတွက်တော့တကယ်တောင်းပန်ပါသည်။နောက်ရက်တော့ KyungSoo နဲ့တွေ့ပြီး ကိစ္စတွေအကုန်အပြတ်ဖြတ်ရမည်။
ခေါင်းကိုက်နေတာမို့ရေမချိုးသေးဘဲ မျက်နှာအရင်သစ်ထားလိုက်သည်။ရေချိုးခန်းထဲကထွက်ခါနီးမှသတိရတာကျွန်တော် ဝတ်ထားတာ Hunnie ရဲ့ ညဝတ်အင်္ကျီပင်။မနေ့က Hunnieလဲပေးထားသည်ထင်သည်။တစ်ဆက်တည်းပါပြင်တစ်လျှောက်ပူနွေးသွားရသည်။
အခန်းထဲကထွက်ပြီးမီးဖိုထဲဝင်ခဲ့တော့ Hunnie က ထမင်းစား စားပွဲမှာ ထိုင်နေလေသည်။Hunnie ရှေ့မှာတော့ အငွေ့တထောင်းထောင်းထနေတဲ့ နေ့လည်စာဟင်းများကိုတွေ့ရသည်။
ကျွန်တော်ဝင်လာတော့ Hunnie ကသူနဲ့မျက်နှာချင်းဆိုင်ခုံကို ဆွဲထုတ်ပေးသည်။
"NiNi ထိုင် .. Hunnie အရမ်းမကျွမ်းပေးမယ့် စားဖြစ်မယ်ထင်တယ် .. အမူးပြေဟင်းရည်ကခုမှပထမဆုံးဆိုတော့ အရမ်းကောင်းမယ်မထင်ဘူး .. စားမရရင်ပြော NiNi Hunnie ပြင်ပေးမယ်နော် "
"အင်းပါ .. ကျေးဇူးပါ Hunnie "
"ပြောစရာလိုလို့လား Nini ရာ "

BINABASA MO ANG
ပေးဆပ်ခြင်းသည်သာ ..(ပေးဆပ်ခြင်းသည်သာ )
Random[Zawgyi] လူတွေကတော့ အချစ်ကိုပုံစံနှစ်မျိုးနဲ့အဓိပ္ပာယ်ဖွင့်ကြတယ်။ ပေးဆပ်ခြင်းနဲ့ရယူခြင်းတဲ့။ ကိုယ်ကတော့ ဘယ်လိုနည်းနဲ့ဘဲချစ်ချစ် အဓိကကျတဲ့အချက်က ကိုယ့်ရဲ့အချစ်ကစစ်မှန်ဖို့ဘဲလိုအပ်တယ်လို့ထင်တယ်။ တစ်သက်လုံးဖွင့်မပြောဘဲမျို...