1.2K 76 9
[Zawgyi]
"Oh SeHun ssi နဲ့ အလုပ်တွဲလုပ်ရတာ အရမ်းကောင်းတာဘဲ .. နောက်လည်းလက်တွဲသွားဖို့မျှော်လင့်ပါတယ် .. ဒီနေ့တော့ပြန်လိုက်ပါဦးမယ် "
"ဟုတ်ကဲ့ .. ရှေ့လျှောက်အတူအလုပ်တွဲလုပ်ကြတာပေါ့ .. ကျေးဇူးပါ  Takaki-san .. ဖြည်းဖြည်းပြန်ပါ "
Japan ကနေလာပြီးရင်နှီးမြှုပ်နှံတဲ့ TaKo လုပ်ငန်းစုရဲ့သူဌေးကိုလက်ဆွဲနှုတ်ဆက်ပြီး စာချုပ်ချုပ်ပွဲကပြီးဆုံးသွားလေပြီ။necktie ကိုဖြေလျော့ပြီး ထိုင်ခုံမှာခပ်လျော့လျော့ထိုင်လိုက်သည်။တစ်လကြာလုံးပန်းထားရတဲ့ကိစ္စမို့ နည်းနည်းတော့ဝန်ပေါ့သွားသလိုပင်။၅မိနစ်လောက်ထိုတိုင်းထိုင်နေပြီးမှ necktie ပြန်ပြင်ပြီးလွန်ခဲ့တဲ့တစ်လကအပြီးမသတ်နိုင်ခဲ့တဲ့ လချုပ်စာရင်းတွေကိုပြန်တွက်ရသည်။
OH လုပ်ငန်းစုအဖြစ်အမည်မခံဘဲ တရုတ်က Ma ရဲ့လုပ်ငန်းတွေကိုခွဲယူပြီး Wu လုပ်ငန်းစုအဖြစ်ရပ်တည်ခဲ့သည်။အစ်ကိုကလည်းဆေးကျောင်းယူတာဆိုတော့ Ma ရဲ့အလုပ်တွေကိုဆက်ခံမယ့်သူမရှိတာကြောင့် ဆေးကျောင်းမတတ်ဖြစ်တော့ဘဲ ရိုးရိုးစီးပွားရေးတက္ကသိုလ်သာယူခဲ့သည်။အစပိုင်းအတိုက်အခိုက်တွေရှိပေမယ့် ကြာလာတော့ လူတွေလည်းကျွန်တော့်ကိုအသိအမှတ်ပြုလာသည်ထင်ရဲ့။ခုဆို 10 ထပ်မြင့်သော အဆောက်အဦးကြီးမှာ CEO Oh SeHun အဖြစ်ရပ်တည်နေနိုင်ခဲ့ပြီ။
"ဆရာ .. ဆေးရုံသွားရမယ့်အချိန်ပါ "
"အေး .. အခုလာခဲ့မယ် "
အတွင်းရေးမှူးကောင်လေးလာခေါ်တာမို့ လချုပ်စာရင်းဖိုင်တွေကိုသေချာပြန်စီခဲ့ပြီး အင်္ကျီကိုပြင်ဝတ်ကာ အခန်းထဲမှာထွက်ခဲ့လိုက်သည်။
ကျွန်တော်နဲ့အတွင်းရေးမှူးသာစီးခွင့်ရှိသော ဓာတ်လှေကားထဲဝင်ဝင်ချင်းအတွင်းရေးမှူးကစကားစလာလေသည်။
"ဆေးရုံကဖုန်းဆက်ပါတယ် .. အခြေအနေမကောင်းဘူးတဲ့ .. မိသားစုဝင်ဖြစ်ဖြစ်ရှိရင် .. အနီးကပ်ပြုစုပေးဖို့ လူလွှတ်ပေးဖို့  တောင်းဆိုထားပါတယ် "
"ငါအတော်ဆုံး Nurse တစ်ယောက်ကိုငှားပေးဖို့ပြောထားတယ်လေ "
အတွင်းရေးမှူးရဲ့လျှောက်တင်ချက်ကိုမျက်မှောင်ကျုံ့ရင်းပြောတော့ အတွင်းရေးမှူးလေးကငြိမ်သွားလေသည်။
ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Onde histórias criam vida. Descubra agora