3.

670 90 2
                                    


[Zawgyi]

ဒီ​နေ့က ပိုက်​ဆံစုထားတာတစ်​လပြည့်​​သည့်​​နေ့ဖြစ်​သည်​။တိုက်​တိုက်​ဆိုင်​ဆိုင်​​ကျောင်းပိတ်​ရက်​လည်းဖြစ်​​နေသည်​။အဲ့​ကြောင့်​ အိမ်​မှာကိုကြီးကမရှိ​။အစ်​ကို MinHo နဲ့ ​တစ်​​နေ​ရာရာ​လျှောက်​သွား​နေ​လောက်​သည်​။ညီမ​လေးက​တော့ ကျွန်​​တော့်​​ကျောင်းပိတ်​ရက်​မို့ ကျွန်​​တော်​နှင့်​အတူရှိ​နေသည်​။

"EunHee ah "

"ဟုတ်​ ကိုလတ်​ "

ညီမ​လေးကအိမ်​​​ရှေ့ကျွန်​​တော်​မြင်​ရသည့်​​နေရာတွင်​ အရုပ်​​လေးများနှင့်​​ဆော့​နေသည်​။မေ​မေ့​ဆေးဖိုး​ပေးပြီးပို​နေသည့်​ပိုက်​ဆံနှင့်​ကျွန်​​တော်​စုမိတဲ့ ပိုက်​ဆံအနည်းငယ်​​ပေါင်းကာ ဝယ်​​ပေးထားသည့်​အရုပ်​​လေး​တွေဖြစ်​သည်​။

ကျွန်​​တော်​​ရှေ့ကို​ရောက်​လာ​​သော​ဂါဝန်​အပန်း​ရောင်​​လေးနှင့်​ညီမ​လေးသည်​ အရုပ်​ဟင်းခွက်​​လေးကိုလည်းကိုင်​ထား​သေးသည်​။

"ဒီ​နေ့ ကိုလတ်​ ​မေ​မေ့ ဆီသွားမလို့ ညီမ​လေးလိုက်​မလား "

မေ​မေနှင့်​အချိန်​ကြာကြာမ​နေခဲ့ရသူမို့ အနည်းငယ်စဉ်းစား​နေသည်​။မေ​မေက ကျွန်​​တော်​တို့ Kim အိမ်​​တော်​က ဆင်းရကတည်းကကျန်းမာ​ရေးနည်းနည်းချုချာသွားသည်​။မကြာ Eunhee​လေးနှစ်​နှစ်​​လောက်​မှာ Car Accident ဖြစ်​ပြီး Coma ဝင်​သွားသည်​။ခုချိန်​​ထိ​ဆေးရုံမှာ Oxygen ဘူးနှင့်​အသံရှူ​နေရဆဲ။

"လိုက်​ခဲ့ပါ .. ​မေ​မေနှင့်​မ​တွေ့တာကြာပီမလား "

"ဟုတ်​ကဲ့ ကိုလတ်​ ညီမ​လေးအရုပ်​​တွေသိမ်းလိုက်​ဦးမယ်​ "

Eunhee ​လေးက​ပြောရင်းထွက်​သွားတာမို့ကျွန်​​တော်​လည်း​ဆေးဖိုး​ပေးရမည့်​ ပိုက်​ဆံယူကာ ပို​နေသည့်​ပိုက်​ဆံအနည်းငယ်​ကိုလည်းထည့်​ခဲ့​သေးသည်​။

"EunHee ah ​ဦးထုပ်​​လေး​ဆောင်း​နော်​ "

ဦးထုပ်​ပန်း​ရောင်​​လေးကို​ဆောင်း​ပေးလို​က်​ပြီး အိမ်​တံခါး​သေချာပိတ်​ကာ ​ဆေးရုံကိုလမ်း​လျှောက်​လာခဲ့သည်​။မနက်​ချိန်​ခါမို့​နေကအနည်းငယ်​သာပူ​နေသည်​။

ပေးဆပ်​ခြင်းသည်​သာ ..(ပေးဆပ်ခြင်းသည်သာ )Where stories live. Discover now