part 1

670 26 1
                                    

Part 1

Sing
ကျွန်တော်က မိဘအမွေကို ဆက်ခံမယ့်သားလေ အခုဆိုကျောင်းပြီးပြီ အဖေရဲ့ကုမ္မဏီကို စိတ်မဝင်စားပေမယ့် ကိုယ်ပိုင် အလုပ်လေး စိတ်ဝင်စားတော့ သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Kon နဲ့ 24Hours store ဆိုင်လေးကို ဖွင့်လှစ်ခဲ့တယ် မိဘတွေ မသိဘူးပေါ့ ကုမ္မဏီ ကိုလည်းသွားတယ် ကိုယ်ပိုင်လုပ်ငန်းကိုလည်းကြည့်တယ် ဒါပေမယ့် မိဘတွေက ကျွန်တော့်ကို လက်ထပ်ဖို့ Pan ဆိုတဲ့ ကောင်မလေးနဲ့ ချိတ်ပေးတယ် သူကလည်း သူ ကျွန်တော်ကလည်းကျွန်တော် နှစ်ယောက်လုံးက မိဘသဘောအရမို့ တွဲနေကြတာ သူတော့မသိဘူး ကျွန်တော်ကတော့ စိတ်မဝင်စားဘူးဗျ အခုလည်း တွေ့ပြီးပြန်လာတာ ဆိုင်ရဲ့အခြေနေလေးသိရအောင် ဆိုင်ဘက်ကို ဦးတည်ပြီး ကားမောင်းလာခဲ့တယ်

သူခိုးဗျို့ သူခိုး....သူခိုးဗျို့

ကျွန်တော် ငယ်ငယ်လေးကတည်းက ဘာမှမသိဘူး သိလာတဲ့အရွယ်ရောက်တော့လည်း ဘာမှမလုပ်တက်ဘူး ပညာလည်းမတက်ဘူး ကျွန်တော်သိတာ တစ်ခုဘဲ ကျွန်တော့်အသက်ဘဲ အခုဆို ၂၂နှစ်ရှိပြီ ပညာမတက်တော့ ဘယ်သူမှ မခိုင်းဘူး အခုလည်း ကျွန်တော် မခိုးဘူး မရှိရင် တောင်းစားတယ် ခိုးတဲ့သူဆီက ပြန်ယူပြီး လာပေးတာ အဲ့ဒါကို ကျွန်တော့်ကို သူခိုးလို့ထင်နေတာဗျာ့ အခုတော့ မိသွားပြီလေ ဘာမှ မတက်နိုင်ဘူး ထောင်ထဲရောက်လည်း အေးဆေးပေါ့ ထမင်းစားရတယ် ထောင်ဆိုတာ ၉နှစ်သားလောက်ကတည်းက ဝင်ထွက်လုပ်နေတာ အခုချိန်ထိလေ အခုလည်း ထောင်ထဲမရောက်ခင် ဝိုင်းရိုက်တာ ခံနေရတယ် ဘာမှတော့ မသိဘူး ခေါင်းကို ထိထားတော့ မူးနေတာဘဲ သိတယ်

Kon မင်း နာမည် ဘယ်လိုခေါ်လဲ

Krist ''Krist ''ပါ

Kon ဒီဆိုင်မှာ ပစ္စည်းပျောက်တိုင်း မင်းခိုးတာလား

Krist ကျွန်တော်မခိုးဘူးဗျာ့

Sing ဟေးယျောင် ဘာဖြစ်နေတာလဲ

Kon ဒီကောင်လေ ဆိုင်ထဲက ပစ္စည်းခိုးတာ

Sing ဘာတွေခိုးလို့လဲ

Kon ခေါက်ဆွဲခြောက်ရယ် ရေသန့်ဗူးရယ် နေ့တိုင်းလိုလို ပျောက်နေတာ ဒီနေ့ကြမှ မိတာ

I need you, I love youWhere stories live. Discover now