Part 12
ကျွန်တော် အရင်က စိတ်ဆို မလွယ်ဘူး ဒါပေမယ့် ကျွန်တော် ဒေါသထွက်တာ မှန်ပေမယ့် သူ့အပေါ် ဒေါသထွက်လို့မရဘူး ဘာကြောင့်မှန်းရယ်မသိဘူး
အမြဲတမ်းလည်း သူ့အကြောင်းတွေ တွေးနေမိတယ် အခုလည်း သူကြောက်ပြီး မျက်အဝိုင်းသားလေးနဲ့ ကြည့်နေတယ် စောင်လေးကိုလည်း မျက်နှာလေးပေါ်ရုံဆိုလေးဘဲ တစ်ကိုယ်လုံးလုံအောင်ခြုံထားပြီး မျက်နှာရဲ့ ဘယ်နဲ့ညာ ဘက်မှာ စောင်စလေးကို ဆုတ်ကိုင်ထားတဲ့ လက်လေးတွေက ဖွေးနေတယ် ကျွန်တော် သူ့ကြည့်ပြီး မအိပ်ပေမယ့် သူကတော့ ကျွန်တော့်ကို ကြည့်နေရင်း အိပ်ပျော်သွားတယ် ကျွန်တော်လည်း ရပ်နေတာကနေ သူ့ဘေးကို ကပ်ထိုင်လိုက်ပြီး သူ့ရဲ့ဆံပင်လေးကို ပွတ်ခါ ပြုံးနေမိတယ် သူနဲ့ကြမှ ကျွန်တော် ဘယ်လို ခံစားနေရတယ် ဘယ်လို ပြုံးတက်တယ် ဘယ်လို ရီတက်တယ်ဆိုတာ အမှန်တကယ်မသိဘူး တစ်ခါလေ သူရှက်နေတာကို ကြည့်ပြီး အူယားပြီး ဆွဲဖက်ပြီးတော့ ကိုက်ချင်စိတ်တောင်ပေါ်တယ် နမ်းမိတုန်းကလည်း မတော်တဆဆိုပေမယ့် Eye connected ဖြစ်တော့ သူတော့မသိဘူး ကျွန်တော် တော့ ရင်ခုန်တာအမှန်ဘဲ အခုထိ ကို မေ့မရဘဲ တွေးနေမိတာသာ ကြည့်တော့ ကျွန်တော်လည်း ဘယ်သူမှ မြင်မှာ မဟုတ်ဘူးဆိုပြီး သူ့နဖူးလေးကို ခိုးနမ်းလိုက်တယ် သေချာတာ တစ်ခုက ဒီအချိန်မှာ ကျွန်တော်က သူခိုးဘဲ ဘာလို့လဲဆို ခိုးနမ်းလိုက်လို့ဘဲPan
😁😁😁😁ငါ လေးနာရီကတည်းကထလာတာ အကောင်းမဟုတ်ဘူး ဒါမျိုးမြင်ချင်လို့ ငါက
Innocence ထက် ပိုတဲ့ ထန်နိုစန့်ကြီးပေါ့အေ 😁😁😁😁 ပုံလေးတွေ သေချာရိုက်ရရမယ်
အိပ်ကြ ကလေးတွေ မမဖူဂျီ အိပ်နေတဲ့ပုံလေးတွေရိုက်ထားတယ် သိလား အစောကြီးထလာရကြိုးနပ်တယ် ဒါကြောင့် နင့်တို့နှစ်ယောက်ကို တွေ့ပေးတာ အောင်သွယ်ပေးတာ အကောင်းမဟုတ်ဘူး
သိပ်လိုက်တဲ့စုံတွဲတွေက နတ်ဖက်တဲ့စုံတွဲတွေဆိုတာ သက်သေပြတာ အိပ်ကြဦး အခုမှ ၅နာရီ၁၅ ရှိသေးတာ ဟန်ကျတာဘဲ တစ်ယောက်က ရင်ခွင်ထဲ ထားသိပ်တယ် တစ်ယောက်ကလည်း ရင်ခွင်ထဲ အိပ်နေတယ် တစ်ယောက်က လက်မောင်းလေး ခေါင်းအုံးလုပ်ပေးတယ် တစ်ယောက်က ခေါင်းအုံးပြီးအိပ်တယ် တစ်ယောက်က ကျန်တဲ့လက်တစ်ဖက်နဲ့ ဖက်ထားတယ် တစ်ယောက်က ရင်ခွင်ထဲ အိပ်ချင်လို့ပါဆိုပြီး လက်လေးကို ဟိုဘက်ငါးချောင်းကြားထဲကို ဒီဘက်ငါးချောင်းထည့်ပြီး ဆုတောင်းသလို လုပ်နေတာ မရဘူး ခုံနဲ့ အပေါ်စီးကနေ ရိုက်ရမယ် 😁😁😁😁 Romantic ဆန်တာ 😁😁😁 နင့်ဖုန်းကို Wallpaper တင်ပေးသွားမယ် ငါလာတယ်ဆိုတာ မသိပေမယ့် လူတစ်ယောက်က ဓာတ်ပုံခိုးရိုက်သွားတယ်ဆိုတာ သိအောင်လုပ်ပြသွားတာ ငါ့နှယ်နော် သူခိုးနဲ့ပေါင်းမှ ခိုးလုပ်တက်နေပြီ 😁😁😁😁ကျွန်တော် လက်မောင်း အရမ်းထုံနေပြီ ကျင်လာတာနဲ့ လှုပ်မရတော့ မျက်လုံးဖွင့်ကြည့်တော့ သူ့မျက်နှာလေးတန်းမြင်ရတာဘဲ ကျွန်တော် ရင်ခွင်ထဲအိပ်နေတဲ့ သူ့ကို ကြည့်ပြီး ဘယ်လိုလုပ် ဒါမျိုးအိပ်ပျော်သွားလဲဆိုတာကျွန်တော်ကိုယ်တိုင်တောင်မသိဘူး အခုချိန်မှာ ကျွန်တော် တစ်ခါမှ မပျော်ဘူးတဲ့အပျော်နဲ့ပျော်နေပြီး ရင်ခုန်နေမိတာ အမှန်ဘဲ ပြီးတော့ သူအိပ်နေတာလေးက ချစ်စရာအကောင်းသားဗျာ ကျွန်တော် သူ့ကို ကြည့်လေ ပိုပြီး တင်းကြပ်အောင်ဖက်ထားမိလေဘဲ ဘာလို့များရယ်မသိဘူး ကြည့်လေ အသည်းယားလေ ဘဲ ကျွန်တော် ဖက်တာ တင်းသွားလို့ထင်တယ်ဗျာ သူမျက်လုံးလေးဖွင်လြာတယ် အကြည့်ချင်းဆုံတဲ့အခိုက်တန့်မှာဘဲ ကျွန်တော့်ရဲ့ နှလုံးသားကမ္ဘာကြီးက နယူးကလီးယားဗုံးပေါက်ကွဲသလိုဘဲ ရင်ခုန်သံကြီးက ဟိန်းထွက်နေတယ် သူကလည်း အံ့သြမှုအပြည့်နဲ့ ကြည့်နေပြီ နှုတ်ခမ်းလေးက ဒုတိယ အကြိမ် နမ်းဖို ဖန်ပေးသလိုဘဲ ကျွန်တော်လည်း ဘာမှမစဉ်းစားတော့ဘဲ နမ်းလိုက်တယ် သူမျက်လုံးအဝိုင်းသားလေးဖြစ်သွားတယ်
Krist
ကျွန်တော် အရမ်းအံ့သြမိတယ်ဗျ ဘာလို့လဲဆို ကျွန်တော် ကို နံနက်စောစောကြီး ဖက်ထာယတာခံရသေး ပြီးတော့ အားကြီးနဲ့က ညစ်ထားသေး ပြီးတော့ နမ်းတာဗျာ့ မလွတ်ဘူးဆက်ရန်..........